Home ငြိမ်းချမ်းရေး ရုရှားခရီးစဉ် စစ်ခေါင်းဆောင် စတင်ထွက်ခွာ

ရုရှားခရီးစဉ် စစ်ခေါင်းဆောင် စတင်ထွက်ခွာ

by Homeland Author

ရုရှားနိုင်ငံ၊ မော်စကိုမြို့မှာ ကျင်းပပြုလုပ်မယ့် ရင်ပြင်နီချီတက်ပွဲကို တက်ရောက်ဖို့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နဲ့ ဇနီး ဒေါ်ကြူကြူလှတို့ ဒီကနေ့ မနက်ပိုင်းမှာ အထူးလေယာဉ်နဲ့ ထွက်ခွာသွားပြီလို့ ဆိုပါတယ်။

ရင်ပြင်နီချီတက်ပွဲလို့ ခေါ်တဲ့ ၁၉၄၁-၁၉၄၅ မဟာမျိုးချစ်စစ်ပွဲကြီးအောင်ပွဲ နှစ် ၈၀ ပြည့် အထိမ်းအမှတ် အခမ်းအနားနဲ့ ဆက်စပ်အခမ်းအနားတွေကို တက်ရောက်မယ်လို့ သိရပါတယ်။

ဒါ့အပြင် အခမ်းအနားသို့ တက်ရောက်လာကြသူတွေနဲ့ သီးခြားတွေ့ဆုံဆွေးနွေးတာ၊ နှစ်နိုင်ငံအစိုးရ နဲ့ ပြည်သူတွေအကြား ချစ်ကြည်ရေး၊ စီးပွားရေး၊ လုံခြုံရေး ဆိုင်ရာတွေနဲ့ ကဏ္ဍပေါင်းစုံ မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ကိစ္စရပ်တွေကို ပိုမိုတိုးတက်ခိုင်မာအောင် ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။

စစ်ခေါင်းဆောင်နဲ့အတူ ကောင်စီတွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦးနဲ့ဇနီး၊ ဗိုလ်ချုပ်ကြီး မောင်မောင်အေး၊ ဒေါက်တာဘရွှေနဲ့ ခွန်စံလွင်၊ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး ကျော်စွာလင်းနဲ့ဇနီးအပြင် အခြား‌သော အရာရှိကြီးတွေ လိုက်ပါသွားတယ်လို့ သိရပါတယ်။

related posts

Leave a Comment