ကချင်တပ်ဖွဲ့ (KIA) သိမ်းပိုက်ထားတဲ့ မြစ်ကြီးနား – ဖားကန့်လမ်းပေါ်ရှိ လဝါးကျေးရွာမှ ဆုတောင်းတောင်ရှိ တပ်စခန်းကို ရာဇွပ်ပြည်သူ့စစ် နဲ့ ပူးပေါင်းတပ်ဖွဲ့က ပြန်သိမ်းလိုက်တယ်လို့ ဒီကနေ့မှာ ဝါရာဇွပ်ပြည်သူ့စစ်အဖွဲ့က ထုတ်ပြန်ပါတယ်။
မေလ ၁ ရက်နေ့က KIA နဲ့ ပူးပေါင်းတပ်ဖွဲ့တို့က အင်အားအလုံးအရင်းနဲ့ လဝါးကျေးရွာကို ထိုးစစ်ဆင် တိုက်ခိုက်လာတာကြောင့် စခန်းကို ယာယီလက်လွှတ်ခဲ့ရတယ်လို့ ဆိုပါတယ်။
ဝါရာဇွပ်ပြည်သူ့စစ် “မိမိတို့ပူးပေါင်းတပ်များ အခြေပြုထားသော လဝါးကျေးရွာ ဆုတောင်းတောင် ကာကင်းအား ရန်သူအင်အားအလုံးအရင်းဖြင့် တိုက်ခိုက်ခဲ့သောကြောင့် 1.5.2025ရက်နေတွင် ယာယီလက်လွှတ်ခဲ့ရပြီး ယနေ့ 3.5.2025ရက်နေ့ နံနက်၁၀နာရီခန့်တွင် မိမိတို့ ကွန်မန်ဒိုတပ်ဖွဲ့များနှင့် ပူးပေါင်းစစ်ကြောင်းများမှ အထိအခိုက်မရှိ ပြန်လည် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပါသည်” ဟု ထုတ်ပြန်ခဲ့ပါတယ်။
ပြီးခဲ့တဲ့ မတ်လ ၆ ရက်နေ့ကလည်း KIA တပ်မဟာ ၂၊ တပ်ရင်း ၁၄ နယ်မြေက ကာကင်းစခန်း နှစ်ခုကို စစ်ကောင်စီတပ် နဲ့ ဝါရာဇွပ် ပြည်သူ့စစ် ပူးပေါင်းတပ်ဖွဲ့ ထိုးစစ်ဆင် တိုက်ခိုက်သိမ်းပိုက်ခဲ့တယ်လို့ ခဲ့ပါတယ်။
တနိုင်းလမ်း လီဒိုလမ်းမပေါ်မှာ KIA နဲ့ စစ်ကောင်စီတပ်၊ ဝါရာဇွပ် ပြည်သူ့စစ် ပူးပေါင်းတပ်ဖွဲ့တို့ကြား မကြာခဏ တိုက်ပွဲတွေ ဖြစ်ပွားလျက်ရှိနေပါတယ်။
တဖက်မှာလည်း KIA/PDF ပူးပေါင်းတပ်ဖွဲ့တို့က ဗန်းမော်မြို့သိမ်း တိုက်ပွဲ ဆင်နွှဲနေပြီး နှစ်ဖက်တိုက်ပွဲ ပြင်းထန်နေတယ်လို့ သိရပါတယ်။