Home စစ်ရေး TNLA သိမ်းပိုက်ထားတဲ့ မိုးကုတ်မြို့ လေကြောင်းတိုက်ခိုက်ခံရ၍ ၁ ဦးသေဆုံး

TNLA သိမ်းပိုက်ထားတဲ့ မိုးကုတ်မြို့ လေကြောင်းတိုက်ခိုက်ခံရ၍ ၁ ဦးသေဆုံး

by Homeland Author

တအာင်းတပ်ဖွဲ့ (TNLA) သိမ်းပိုက်ထားတဲ့ မိုးကုတ်မြို့ကို စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာကြောင့် ၁ ဦးသေဆုံးပြီး ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ TNLA က ထုတ်ပြန်ပါတယ်။

မိုးကုတ်မြို့အနောက်ပိုင်း၊ ကသဲရပ်ကွက်ရှိ အနောက်ကျောင်း ဒီကနေ့ မေလ ၃ ရက်နေ့ မနက် ၉ နာရီဝန်းကျင်မှာ ဂျက်ဖိုက်တာနဲ့ ဗုံး ၁ လုံး ကြဲချ တိုက်ခိုက်ခဲ့လို့ ဆိုပါတယ်။

အလားတူ မေလ ၂ ရက် ည ၁၁ နာရီကျော်အချိန်လည်း မိုးကုတ်မြို့ကို ပေါင် ၂၅ဝ ဗုံး ၂ လုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့ပြီး အုတ်ပြင်ရပ်ကွက်ရှိ ဓမ္မရုံ နဲ့ နေအိမ် ၆ လုံး ထိမှန်ပျက်စီးသွားခဲ့တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ၃ဝ ရက်နေ့ကလည်း မိုးကုတ်မြို့အနောက်ပိုင်း၊ သစ်စိမ့်ကုန်း နဲ့ ကျောက်ပုတ်ကျေးရွာကြား စစ်ကောင်စီတပ်မှ လေကြောင်းနဲ့ ပေါင် ၂၅၀ ဗုံး ၂ လုံး လာရောက်ကြဲချတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၂၈၊ ၂၉ ရက်တွေမှာ တရုတ်နိုင်ငံ ကူမင်းမြို့မှာ စစ်ကောင်စီ ကိုယ်စားလှယ်အဖွဲ့နဲ့ TNLA ကိုယ်စားလှယ်အဖွဲ့တို့ တွေ့ဆုံဆွေးနွေးခဲ့ပြီး အဲဒီ ဆွေးနွေးပွဲမှာ စစ်ကောင်စီက TNLA သိမ်းပိုက်ထားတဲ့ နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ မိုးကုတ်၊ မိုးမိတ်၊ နမ့်ဆန် နဲ့ မန်တုံမြိုနယ်အတွင်းက TNLA တပ်ဖွဲ့ အားလုံး ပြန်လည်ဆုတ်ခွါဖို့ တောင်းဆိုချက်ကို TNLA ကိုယ်စားလှယ်တွေက သဘောမတူနိုင်တာကြောင့် နှစ်ဖက်အပြန်အလှန်ဆွေးနွေးမှု ထပ်ဆင့်မတိုးနိုင်သေးဘဲ ဖြစ်နေတယ်လို့ ဆိုပါတယ်။

related posts

Leave a Comment