ရန်ကုန်မြို့ မြို့တော်ခန်းမရှေ့အပါအဝင် နေရာအချို့မှာ သင်္ကြန်ပွဲတော် ကျင်းပဖို့ စစ်ကောင်စီက ပြင်ဆင်နေတယ်လို့သိရပါတယ်။
ပြီးခဲ့တဲ့ မတ် ၂၈ ရက်က ဖြစ်ပွားခဲ့တဲ့ ငလျင်ဘေးကြောင့် လူအများအပြား သေဆုံးပြီး နေအိမ်အဆောက်အအုံ ပျက်စီးမှု၊ လမ်းတံတား နဲ့ ဘာသာရေး အဆောက်အအုံ ပျက်စီးမှု အများအပြား ရှိခဲ့ပါတယ်။
လက်ရှိ ကြုံတွေ့နေရတဲ့ ငလျင်ဘေးကြောင့် တစ်နိုင်ငံလုံး ဝမ်းနည်းကြေကွဲနေရတဲ့ ကာလဖြစ်တာကြောင့် အခုနှစ် မြန်မာ့ရိုးရာသင်္ကြန်ကို အပျော်အပါး သီဆိုကခုန်မှုတွေ မပါဝင်ဘဲ ရိုးရာယဉ်ကျေးမှုနဲ့အညီ အေးချမ်းသာယာတဲ့ သင်္ကြန်အဖြစ် ကျင်းပသွားမယ်လို့ စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။
ပုံအညွှန်း – ရန်ကုန်မြို့ မြို့တော်ခန်းမရှေ့ သင်္ကြန်ရေကစားမဏ္ဍပ် ဆောက်လုပ်နေတာကို ဧပြီ ၃ ရက်မှာ တွေ့ရစဉ်။





