သဘာဝဘေးအန္တရာယ် ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေ ဆောင်ရွက်ကြရာမှာ နိုင်ငံရေး၊ စစ်ရေး၊ နယ်မြေဒေသ စတဲ့ အကန့်အသတ်ဘောင်တို့ကို ကျော်လွန်ကာ ပူးပေါင်းဆောင်ရွက်ကြဖို့ ပြည်တွင်း ပြည်ပ အဖွဲ့အစည်းအသီးသီးကို ရှမ်းပြည်ပူးပေါင်းဆောင်ရွက်ရေး ကော်မတီ (SSJAC) က တိုက်တွန်းပါတယ်။
ဒါ့အပြင် တရုတ်နိုင်ငံ၊ အိန္ဒိယ်နိုင်ငံအပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းက ငလျင်ဘေးဒဏ်သင့် ပြည်သူတို့ကို ကူညီဆောင်ရွက်နိုင်ရေး ကြိုးပမ်းနေကြတာကို သိရှိရသဖြင့် များစွာ ကျေးဇူးတင်ရှိကြောင်း ဆိုပါတယ်။
မိမိတို့ ရှမ်းပြည်ပူးပေါင်းဆောင်ရွက်ရေး ကော်မတီ (SSJAC) အနေနဲ့ အရင်က ပြည်သူအများ ကြုံတွေ့ခဲ့ရတဲ့ ကိုဗစ်ကပ်ရောဂါဘေး၊ ရေးဘေး၊ စစ်ဘေးရှောင်ခြင်းတို့ကို တတ်စွမ်းသမျှ ကူညီဆောင်ရွက်ခဲ့ကြောင်း ပြောပါတယ်။
လက်ရှိ နိုင်ငံအတွင်း ထိခိုက်ခံစားနေရတဲ့ ငလျင်ဘေးမှာလည်း မိမိတို့ လက်လှမ်းမီတဲ့ နယ်မြေဒေသအတွင်းရှိ ပြည်သူတို့ကို ကူညီထောက်ပံ့နိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိ တယ်လို့ ဆိုပါတယ်။
မိမိတို့ ရှမ်းပြည်ပူးပေါင်းဆောင်ရွက်ရေး ကော်မတီ (SSJAC) အဖွဲ့အစည်းတွေမှ ကနဦး မတည်ငွေ ကျပ်သိမ်းပေါင်း ၁၈၀၀ ထည့်ဝင်၍ ငလျင်ဘေးဒဏ်သင့် ပြည်သူတွေကို ကူညီနိုင်ရေး စတင်ဆောင်ရွက်နေပြီလို့ ဆိုပါတယ်။
မိမိတို့ အဖွဲ့အစည်းနဲ့အတူ အလှူငွေအပါအဝင် အခြားကူညီထောက်ပံ့မှုတွေ ပူးပေါင်းပါဝင်ပေးအပ် လှူဒါန်းဖို့ ရှိပါက ဆက်သွယ်နိုင်တယ်လို့ ဆိုထားပါတယ်။
မြန်မာပြည်သူတို့ သဘာဝဘေး၊ လူလုပ်ဘေး၊ မင်းဆိုးမင်းညစ်ဘေးမှ ကင်းဝေးပါစေဟု ရှမ်းပြည်ပူးပေါင်းဆောင်ရွက်ရေး ကော်မတီ (SSJAC) က ဆုမွန်တောင်း ထားပါတယ်။


