စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း ဟုမ္မလင်းမြို့နယ် စေတီဆိပ်ကျေးရွာ၊ တုံမတက်ကျေးရွာတို့ ရောက်ရှိနေတဲ့ စစ်ဘေးရှောင်တွေကို ချင်းတွင်းဉရုရှမ်းနီလူငယ်ကွန်ရက်မှ စားနပ်ရိက္ခာအပါအဝင် အရေးပေါ်လိုအပ်လာပါက အသုံးပြုနိုင်တဲ့ ပစ္စည်းတွေကို မနေ့က မတ်လ ၂၃ ရက်မှာ သွားရောက်ထောက်ပံ့ပေးခဲ့တယ်လို့ သိရပါတယ်။
ရှမ်းနီလူငယ်ကွန်ရက် နာယက ဆရာတော်၊ ကွန်ရက်အကြီးအကဲတို့ရဲ့ လမ်းညွှန်မှုနဲ့ လူငယ်ခေါင်းဆောင်တွေ၊ ဒေသတာဝန်ခံတွေ၊ အခြားမိတ်ဖက်အဖွဲ့အစည်းတွေနဲ့ အဆောတလျင်စုဖွဲ့မှုပြုလုပ်ခဲ့ပြီး အရေးပေါ်လိုအပ်လာပါက အသုံးပြုနိုင်ရေးအတွက် ဟုမ္မလင်းသီတဂူမှာ အသင့်စုပုံထားရှိတဲ့ နိင်ငံတကာအကူအညီ (ကျပ်သိန်းတစ်ထောင့်ငါးရာခန့်တန်ဘိုးရှိ)ပစ္စည်းတွေကို အရောက်ပို့ဆောင်နိုင်ရန် ခြောက်ဘီး (ကုန်တင်ယာဉ်)၂ စီး၊ အုပ်ချုပ်မှုယာဉ် ၂ စီးနဲ့ သွားရောက်လှူဒါန်းခဲ့တာလို့ တိုင်းရင်းသားရေးရာဝန်ကြီး စိုင်းနိုင်နိုင်ကျော်က ၎င်းရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ ရေးသားထားပါတယ်။
တုံမတက်ကျေးရွာမှာ ယာယီတဲထိုးနေထိုင်နေကြတဲ့ ရာလားတီးကျေးရွာမှ စစ်ဘေးရှောင် အိမ်ထောင်စု ၇၈ စု လူဦးရေ ၃၆၂ ယောက်၊ ပါဟုတ်ကြီးကျေးရွာမှ တိုက်ပွဲရှောင်လာကြပြီး နမ့်သာကျေးရွာ ဘုရားကုန်ုးမှာ ယာယီတဲထိုးနေထိုင်နေကြတဲ့ အိမ်ထောင်စု (၅၂)စု လူဦးရေ (၂၃၅)ယောက်နဲ့ စေတီဆိပ်ကျေးရွာ ဘုန်းတော်ကြီးကျောင်းမှာ ရောက်ရှိနေကြတဲ့ အိမ်ထောင်စု (၂၅) စု လူဦးရေ (၁၆၉) ယောက််တို့ကို သွားရောက်လှူဒါန်းခဲ့တယ်လို့ ဆိုပါတယ်။





