Home » အာဆီယံအများသုံး သန့်စင်ခန်းဆု တောင်ကြီးမြို့က ရရှိ

အာဆီယံအများသုံး သန့်စင်ခန်းဆု တောင်ကြီးမြို့က ရရှိ

by Homeland Author

မလေးရှားနိုင်ငံ၊ ဂျိုဟိုးမြို့မှာ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလအတွင်း ကျင်းပပြုလုပ်ခဲ့တဲ့ အာဆီယံခရီးသွားလုပ်ငန်းဖိုရမ်မှာ မြန်မာက ဆု ၂ ရရှိခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ ဖိုရမ်မှာ အာဆီယံလူထုအခြေပြု ခရီးသွားလုပ်ငန်းဆု၊ အာဆီယံ Spa ဝန်ဆောင်မှုဆု၊ အာဆီယံအများသုံး သန့်စင်ခန်းဆု ဆိုပြီး ဆုအမျိုးအစား ၃ ခု ရွေးချယ်ချီးမြှင့်တာ ဖြစ်ပါတယ်။

အဆိုပါ ဆုအမျိုးအစား ၃ ဆုအတွက် မြန်မာနိုင်ငံအနေနဲ့ စာရင်းတင်သွင်းခဲ့ရာ ဆု (၂)ဆု ရရှိခဲ့တယ်လို့ မြန်မာစစ်ကောင်စီရဲ့ သျှမ်းပြည်နယ်အစိုးရအဖွဲ့ထုတ်ပြန်စာကနေ သိရပါတယ်။

မြန်မာနိုင်ငံအနေနဲ့ အဆိုပါ အမျိုးအစား သုံးခုစလုံးကို ဝင်ရောက်ယှဉ်ခဲ့တာဖြစ်ပြီး အာဆီယံလူထုအခြေပြု ခရီးသွား လုပ်ငန်းဆုအတွက် ပင်းတယမြို့နယ်၊ ဆီးကျအင်းကျေးရွာရှိ ရပ်ရွာအခြေပြု ခရီးသွားလုပ်ငန်း CBT၊ အာဆီယံ Spa ဝန်ဆောင်မှုဆုအတွက် Jasmine Taunggyi Hotel ရှိ Jasmine Spa ၊ အာဆီယံ အများသုံး သန့်စင်ခန်းဆု တောင်ကြီးမြို့ စူဠာမုနိဘုရားရှိ အများသုံးသန့်စင်ခန်းတို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့တာပါ။

ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ ဆုတွေအနက် အာဆီယံ လူထုအခြေပြု ခရီးသွားလုပ်ငန်းဆု (ASEAN CBT Award) အတွက် ပင်းတယမြို့နယ် ဆီးကျအင်းကျေးရွာရှိ CBT၊ အာဆီယံအများသုံး သန့်စင်ခန်းဆုအတွက် တောင်ကြီးမြို့ စူဠာမုနိဘုရားရှိ အများသုံးသန့်စင်ခန်းတို့က ဆုရရှိခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

related posts

Leave a Comment