စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း ဟုမ္မလင်းမြို့နယ် နမ့်နန်းကျေးရွာမှာ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နဲ့ ၎င်းတို့လက်အောက်ခံ ဒေသကာကွယ်ရေးတပ် (PDF) ပူးပေါင်းတပ်တို့ မီးရှို့ဖျက်ဆီးခဲ့တဲ့ ရှမ်းရိုးရာ အိုးစည်ဗုံမောင်းတွေကို ရွှေလီမြစ်ဝှမ်းရှိ ရှမ်းပြည်သူတွေမှ ပြန်လည်လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။
ထို့အတူ ရွှေလီမြစ်ဝှမ်းရှိ ရှမ်းပြည်သူလူထုများစုပေါင်းကာ ရှမ်းရိုးရာအိုးစည်ဗုံမောင်းနဲ့အတူ ငွေကျပ် ၂၆၀၀၀၀ ကိုလည်း ရှမ်းနီလူငယ်အဖွဲ့ချုပ်မှ တဆင့်လှူဒါန်းခဲ့တယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် နိုဝင်ဘာလအတွင်းက ရှမ်းနီအမျိုးသားတပ်မတော် (SNA) နဲ့ KIA+PDF ပူးပေါင်းတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် ရှမ်းရိုးရာ အိုးစည်ဗုံမောင်းတွေကို KIA/PDF ပူးပေါင်းတပ်တို့က မီးရှို့ဖျက်ဆီးခဲ့တာလို့ သိရပါတယ်။


