Home » နမ့်ခမ်း ယမ်းပေါက်ကွဲမှု TNLA ကျောက်ထုတ်လုပ်ရေးအတွက် သိုလှောင်ထားတဲ့ ယမ်းပျော့ဟု ထုတ်ပြန်

နမ့်ခမ်း ယမ်းပေါက်ကွဲမှု TNLA ကျောက်ထုတ်လုပ်ရေးအတွက် သိုလှောင်ထားတဲ့ ယမ်းပျော့ဟု ထုတ်ပြန်

by Homeland Author

သျှမ်းမြောက် နမ့်ခမ်းမြို့နယ်၊ ကောင်းတပ်ရွာမှာ ဒီနေ့ (မေလ ၃၁ ရက်) နေ့လယ် ၁၂ နာရီဝန်းကျင်က ယမ်းပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့ပါတယ်။

အဲဒီ ပေါက်ကွဲမှုကြောင့် အနည်းဆုံး လူ ၂၀ ဦးထက်မနည်း သေဆုံးခဲ့ရပြီး နေအိမ်အများအပြားလည်း ပျက်စီးသွားခဲ့ရပါတယ်။

အဆိုပါ ပေါက်ကွဲမှုနဲ့ပတ်သက်ပြီး တအာင်းတပ် (TNLA) ဘက်က သတင်းထုတ်ပြန်မှုမှာတော့ ပေါက်ကွဲသွားတဲ့ ယမ်းတွေဟာ သူတို့ရဲ့ စီးပွားရေးဌာနကနေ မိုင်းတွင်းကျောက်ထုတ်လုပ်ရေးလုပ်ငန်းတွေမှာ သုံးဖို့ သိုလှောင်ထားတဲ့ ယမ်းပျော့တွေဖြစ်တယ်လို့ ဆိုပါတယ်။

related posts

Leave a Comment