Home » လားရှိုးလေယာဉ်ခရီးစဉ် ပျံသန်းပြေးဆွဲဖို့ ဒေသခံတွေ တောင်းဆို

လားရှိုးလေယာဉ်ခရီးစဉ် ပျံသန်းပြေးဆွဲဖို့ ဒေသခံတွေ တောင်းဆို

by Homeland Author

ညီနောင်မဟာမိတ် ၃ ဖွဲ့ ဖြစ်တဲ့ AA၊ TNLA၊ MNDAA တို့ ဖော်ဆောင်ခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေးအတွင်း ၂ နှစ်ကျော်ကြာ ပိတ်ထားခဲ့ရတဲ့ သျှမ်းပြည် မြောက်ပိုင်း၊ လားရှိုးလေဆိပ်ကို ပြန်လည်ဖွင့်လှစ်ပေးပြီး လေယာဉ်ပျံသန်းပြေးဆွဲဖို့ ဒေသခံတွေက လိုလားနေကြတာ ဖြစ်ပါတယ်။

လားရှိုးလေယာဉ် ပျံသန်းပြေးဆွဲမှုတွေကို ၁၀၂၇ စစ်ဆင်ရေးအတွင်း ၂၀၂၄ ခုနှစ်၊ ဇူလိုင် ပထမပတ်ကနေစပြီး တိုက်ပွဲတွေကြောင့် ရပ်နားခဲ့ရတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ်၊ မေလမှာ လားရှိုးလေဆိပ်ရဲ့ လေယာဉ်ပြေးလမ်းကြောင်းတွေကို ပြန်လည်ပြုပြင်နေပြီး လေယာဉ်ခရီးစဉ်တွေ ပျံသန်းပြေးဆွဲတော့မယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့ပေမယ့်လည်း လက်ရှိအချိန်ထိ ဖွင့်လှစ်တာ မရှိသေးပါဘူး။

လားရှိုးမြို့ကို ကိုးကန့်တပ် MNDAA က ၁၀၂၇ စစ်ဆင်ရေးအတွင်း ၂၀၂၄ ခုနှစ်၊ ဇူလိုင် ၃၀ ရက်နေ့မှာ သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့ပြီး မြန်မာစစ်တပ်က ဧပြီ ၂၂ ရက်နေ့မှာ လားရှိုးမြို့ပေါ်ကို ပြန်လည်ဝင်ရောက်ခဲ့တာ ဖြစ်ပါတယ်။

လက်ရှိမှာ လားရှိုးလေဆိပ်က မြန်မာစစ်တပ်က ပြန်လည်ပြုပြင်ပြီးပြီဖြစ်တဲ့အတွက် လေယာဉ်ခရီးစဉ်တွေ ပြန်လည်ပြေးဆွဲဖို့ကို ဒေသခံတွေက လိုလားနေကြတာ ဖြစ်ပါတယ်လို့ လားရှိုးဒေသခံတစ်ယောက်က ပြောပါတယ်။

related posts

Leave a Comment