Home နိုင်ငံရေး ဗန်းမောက်စစ်ရှောင်တွေအတွက် ကတူးအဖွဲ့ အလှူခံသွားရောက်

ဗန်းမောက်စစ်ရှောင်တွေအတွက် ကတူးအဖွဲ့ အလှူခံသွားရောက်

by Homeland Author

စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း ဗန်းမောက်မြို့နယ်အတွင်းက စစ်ရှောင်တွေအတွက် ကတူးရဟန်းတော်များအဖွဲ့မှ ဦးဆောင်၍ ဒေသခံလူငယ်အချို့နဲ့အတူ နီးစပ်ရာ ကျေးရွာတွေမှာ အလှူခံသွားရောက်ခဲ့တယ်လို့ သိရပါတယ်။

ဗန်းမောက်မြို့နယ်အတွင်း ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် ကတူးတိုင်းရင်းသားတွေအပြင် ရှမ်းနီ၊ ဗမာတိုင်းရင်းသားတွေလည်း စစ်ဘေးရှောင်နေကြရတယ်လို့ ဆိုပါတယ်။

လက်ရှိမှာ ဗန်းမောက်မြို့ခံအများအပြား နဲ့ ကျေးရွာအများစုက ဒေသခံတွေဟာ နီးစပ်ရာ အနောက်ဘက်ခြမ်း၊ မြောက်ဖက်ခြမ်းတွေမှာ သွားရောက်တိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။

အဆိုပါ စစ်ဘေးရှောင်တွေအတွက် ဆန်၊ ဆီ၊ ဆား အစရှိတဲ့ စားနပ်ရိက္ခာတွေအပြင် ဆေးဝါး၊ အမိုးအကာ၊ စောင် နဲ့ အနွေးထည်တွေလည်း လိုအပ်လျက်ရှိနေပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၁၇ ရက်နေ့ကလည်း တိုက်ပွဲတွေကြောင့် တောတောင်တွေမှာ တိမ်းရှောင်နေကြရပြီး အခက်အခဲတွေ ကြုံတွေ့နေကြရတဲ့ သခွတ္တာ၊ ခိုနန်းကျေးရွာမှ ကတူးဒေသခံတွေကို ရှမ်းနီအမျိုးသားများ တပ်မတော် (SNA) မှ ကယ်ထုတ်၍ စစ်ရှောင်စခန်းတွေမှာ ထားရှိကာ စားနပ်ရိက္ခာ၊ ကျန်းမာရေး စောင့်ရှောက်မှုတွေ ကူညီလုပ်ဆောင်နေတယ်လို့ သိရပါတယ်။

တိုက်ပွဲတွေကြောင့် စစ်ရှောင်လူဦးရေး များပြားလာခဲ့ပြီး အဆိုပါ စစ်ရှောင်တွေအတွက် အကူအညီရရှိနိုင်ရေး ကတူးရဟန်းတော်များအဖွဲ့မှ ဦးဆောင်၍ ဒေသခံလူငယ်အချို့က တည်ငြိမ်သော ကျေးရွာတွေထံ သွားရောက်အလှူခံနေသလို အွန်လိုင်းမှတဆင့် အလှူခံ၍ ကူညီမှုတွေ လုပ်ဆောင်ခဲ့ကြပါတယ်။

ဒါ့အပြင် ဗန်းမောက်မြို့ အနောက်ဖက်ခြမ်းသို့ စစ်ရှောင်လာကြတဲ့ ဒေသခံတွေကို SNA ၊ ဆီလုပ်ငန်းရှင်၊ ဗန်းမောက်သျှမ်းနီ စာယဉ် နဲ့ ဒေသခံရှမ်းနီတို့က ကူညီဆောင်ရွက်မှုတွေ ရှိနေတယ်လို့လည်း သိရပါတယ်။

related posts

Leave a Comment