Home စစ်ရေး ရှမ်းမြောက်မှာ ဆုံးရှုံးနယ်မြေရဲ့ ၁၁ ရာခိုင်နှုန်းကျော်ကိုသာ စစ်တပ် ပြန်သိမ်းနိုင်

ရှမ်းမြောက်မှာ ဆုံးရှုံးနယ်မြေရဲ့ ၁၁ ရာခိုင်နှုန်းကျော်ကိုသာ စစ်တပ် ပြန်သိမ်းနိုင်

by Homeland Author

တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) ထိန်းချုပ်ထားတဲ့ သီပေါမြို့ကို စစ်တပ်က ၂၀၂၅ ခုနှစ် အောက်တိုဘာ ၂၇ ရက်မှာ ပြန်သိမ်းခဲ့ပါတယ်။

အဲဒီနောက် မန္တလေး-မူဆယ် ကုန်သွယ်ရေးလမ်းမရဲ့ ၄၄ ဒသမ ၄ ရာခိုင်နှုန်းကို စစ်ကော်မရှင်က ပြန်ပြီး ထိန်းချုပ်နိုင်ခဲ့သည်ဟု ISP Myanmar မှ ထုတ်ပြန်ပါတယ်။

ဒါကြောင့် ၁၀၂၇ စစ်ဆင်ရေး နောက်ပိုင်း စစ်တပ်ဟာ ရှမ်းပြည်မြောက်ပိုင်းမှာ နယ်မြေ ၅၈ ဒသမ ၃ ရာခိုင်နှုန်း ဆုံးရှုံးခဲ့ပြီး ၎င်းဆုံးရှုံးခဲ့တဲ့ နယ်မြေရဲ့ ၁၁ ဒသမ ၃ ရာခိုင်နှုန်းသာ ပြန်သိမ်းခဲ့တယ်လို့ ဆိုပါတယ်။

အလားတူ စစ်တပ်ဟာ ကိုးကန့်တပ် MNDAA ထိန်းချုပ်ထားတဲ့ လားရှိုးမြို့ကို တရုတ်အစိုးရရဲ့ အကူအညီနဲ့ ၂၀၂၅ ခုနှစ် ဧပြီလတုန်းက ပြန်ရခဲ့ပါတယ်။

အဲဒီနောက်ပိုင်း TNLA ထိန်းချုပ်ထားတဲ့ မြို့တွေကို စစ်ရေးနည်းဖြင့် တိုက်ခိုက်သိမ်းယူဖို့ ထိုးစစ်ဆင်ခဲ့ပြီး ၂၀၂၅ ခုနှစ် ဇွန်လမှာ နောင်ချိုမြို့ကို စတင်ထိုးစစ်ဆင်ခဲ့ကာ ၄၅ ရက် အကြာမှာ ပြန်ရခဲ့ပါတယ်။

စက်တင်ဘာ ၉ ရက်မှာ ကျောက်မဲမြို့ကို တိုက်ခိုက်ပြီး ၂၁ ရက် အကြာတွင် ပြန်သိမ်းခဲ့ပြီး အောက်တိုဘာ ၁ ရက်တွင် သီပေါမြို့ကို စတင်တိုက်ခိုက်ပြီး ၁၆ ရက် အကြာမှာ ပြန်ရခဲ့ပါတယ်။

သီပေါမြို့ကို စစ်တပ်က ပြန်သိမ်းထားပေမဲ့ လားရှိုးကို ချိတ်ဆက်ထားတဲ့ ပြည်ထောင်စုလမ်းပိုင်းကို MNDAA က ဆက်လက်ထိန်းချုပ်ထားဆဲဖြစ်တယ်လို့ ဆိုပါတယ်။

လက်ရှိမှာ မိုးကုတ်နဲ့ မိုးမိတ်တို့ကနေ ဆုတ်ခွာပြီး စစ်တပ် နဲ့ အပစ်ရပ်ဖို့ သဘောတူထားတယ်လို့ TNLA က သတင်းထုတ်ပြန်ထားပါတယ်။

စစ်တပ်က မြို့တွေကို ထိန်းချုပ်ထားပြီး အဆိုပါမြို့များဖြင့် ဆက်စပ်နေသည့် မြို့နယ်များ၏ ကျေးလက်ဒေသအများစု၊ တောင်ကုန်းတောင်တန်း အများစုကို တိုင်းရင်းသားလက်နက်ကိုင် (EAOs) တွေက ဆက်ပြီး ထိန်းချုပ်ထားတယ်လို့ ISP Myanmar က ဆိုပါတယ်။

ပြန်သိမ်းထားတဲ့ မြို့တွေမှာ စစ်တပ်က အုပ်ချုပ်ရေးယန္တရား ပြန်စဖို့ နဲ့ လူထုဝန်ဆောင်မှုတွေ ပေးနိုင်ဖို့ ကြိုးပမ်းနေသလို ကျေးလက်ဒေသတွေမှာ စစ်တပ်ရဲ့ အုပ်ချုပ်ရေး ယန္တရား နဲ့ EAOs တွေရဲ့ အုပ်ချုပ်ရေးယန္တရားတွေ အပြိုင်အဆိုင် လည်ပတ်နိုင်ဖို့ ကြိုးပမ်းနေကြတယ်လို့ ဆိုပါတယ်။

related posts

Leave a Comment