စစ်ကိုင်းတိုင် အထက်ပိုင်း၊ ဟုမ္မလင်းမြို့၊ ဟုမ္မလင်းရပ်ကွက်၊မြို့မဘုန်းကြီး ကျောင်းဆိပ်ကမ်းအနီး ချင်းတွင်းမြစ်အတွင်း ဆိုက်ကပ်ထားတဲ့ မော်တော်ရေယာဉ်တွေ ပေါက်ကွဲမှုဖြစ်ပွားပြီး မီးလောင်ကျွမ်းခဲ့တဲ့ အဲဒီရေယာဉ်တွေကို ဆိပ်ကမ်းသို့ ဆွဲယူဆိုက်ကပ်ခဲ့တယ်လို့ အာဏာပိုင်အဖွဲ့အစည်းတွေရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
ပြီးခဲ့တဲ့၂၀၂၆ ခုနှစ်၊ ဧပြီ ၂၀ ရက်နေ့ ညနေပိုင်းက ဟုမ္မလင်းမြို့ ဆိပ်ကမ်းမှာ ဆိုက်ကပ်ထားတဲ့ “နိုင်ရတနာဝင်း” ဖလက်ကုန်တင်မော်တော်ရေယာဉ် ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ကား (၂) စီး နဲ့ မော်တော်ရေယာဉ် ၁၀ စီးထက်မနည်း မီးလောင်ပျက်စီးမှုတွေ ဖြစ်ပွားခဲ့ပါတယ်။
အဲဒီ မီးလောင်ပေါက်ကွဲမှုကြောင့် သေဆုံးသူ ၄ ဦး နဲ့ ထိခိုက်ဒဏ်ရာရရှိသူ ၁၀ ဦးထက်မနည်း ရှိခဲ့တယ်လို့ သိရပါတယ်။
လက်ရှိမှာတော့ မီးလောင်ကျွမ်းခဲ့တဲ့ ကုန်တင်ရေယာဉ်တွေကို သက်ဆိုင်ရာအာဏာပိုင်အဖွဲ့အစည်းတွေက ဆိပ်ကမ်းသို့ ဆွဲယူဆိုက်ကပ်တဲ့ လုပ်ငန်းစဉ်တွေ ဆောက်ရွက်လျက်ရှိတယ်လို့ သိရပါတယ်။


