3
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက်က သမ္မတတာဝန် ထမ်းဆောင်ခဲ့သူ ဦးဝင်းမြင့်ကို လက်ရှိ ကျခံနေရတဲ့ ပြစ်ဒဏ်များအားလုံးမှ ၂၀၂၆ ခုနှစ် ဧပြီလ ၁၇ ရက် မြန်မာနှစ်ဆန်း (၁) ရက်နေ့မှာ လွတ်ငြိမ်းချမ်းသာနဲ့ ပြန်လည် လွတ်မြောက်လာတယ်လို့ သိရပါတယ်။
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့က ဦးဝင်းမြင့်ကို စစ်တပ်က ဖမ်းဆီးထိန်းသိမ်းခဲ့ပြီး အဂတိအမှု (၄) မှုအပြင် ပုဒ်မ ၁၃၀-က တို့နဲ့ ထောင်ဒဏ် (၉) နှစ် (၆)လ ချထားတာပဲ ဖြစ်ပါတယ်။