တအာင်းအမျိုးသားတော်လှန်ရေးနေ့ အခမ်းအနားမှာ တအာင်းတပ် (TNLA) က လေယာဥ်ပစ် သေနတ်၊ သံချပ်ကာကား၊ ဟောင်ဝစ်ဇာလက်နက်ကြီးတွေအပါအဝင် စစ်အင်အားအများအပြားကို ထုတ်ပြခဲ့ပါတယ်။ မနေ့က ဇန်နဝါရီလ (၁၂) ရက်နေ့မှာ ကျရောက်တဲ့ (၆၃) နှစ်ပြည့်အခမ်းအနားကို မန်တုံမြို့မှာ ကျင်းပပြုလုပ်ခဲ့ပြီး TNLA မှ စစ်အင်အား ၁၅၀၀ ကျော်နဲ့ …
၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့က စစ်တပ်က အာဏာသိမ်းမှုဟာ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) ရဲ့ အခြေခံမူတွေ နဲ့ ရည်မှန်းချက်တွေကို ပြောင်ပြောင်တင်းတင်းဖျက်ဆီးလိုက်ပြီဖြစ်တာကြောင့် NCAလုပ်ငန်းစဉ်တွေရပ်ဆိုင်းသွားကာ စက္ကူစုတ်တခုအဖြစ်ကို ရောက်ရှိသွားစေတယ်လို့ လက်နက်ကိုင် ၆ ဖွဲ့က ပြောပါတယ်။ NCA ကို လက်မှတ်ထိုးရေးထိုးထားတဲ့အဖွဲ့တွေဖြစ်တဲ့ ကရင်အမျိုးသားအစည်းအရုံး (KNU)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး …