Home » ထားဝယ်ရေဘေး သေဆုံးသူ ၃၀ ဦးနဲ့ ပျောက်ဆုံးသူ ၁၀၀ အထက်ရှိနေဟု ဆို

ထားဝယ်ရေဘေး သေဆုံးသူ ၃၀ ဦးနဲ့ ပျောက်ဆုံးသူ ၁၀၀ အထက်ရှိနေဟု ဆို

by Homeland Author

တနင်္သာရီတိုင်း ထားဝယ်ခရိုင်အတွင်း ဖြစ်ပွားခဲ့တဲ့ ရေကြီးရေလျှံမှုနဲ့ တောင်ပြိုမှုတွေကြောင့် သေဆုံးသူ ၃၀ ဦးနဲ့ ပျောက်ဆုံးနေသူ လူဦးရေ ၁၀၀ နဲ့အထက်မှာ ရှိနေတယ်လို့ လူမှုကယ်ဆယ်ရေးအဖွဲ့တွေထံက သိရပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၂၇ ရက်မှာ မိုးသည်းထန်စွာ ရွာသွန်းခဲ့တာကြောင့် ထားဝယ်၊ လောင်းလုံးနဲ့ သရက်ချောင်းမြို့နယ်တွေမှာ ရေလွှမ်းမိုးမှုတွေနဲ့ တောင်ပြို၊ မြေပြိုမှုတွေကို ကြုံတွေ့ခဲ့ရတာ ဖြစ်ပါတယ်။

အဆိုပါ ဖြစ်စဉ်ကြောင့် ထောင်နဲ့ချီတဲ့ နေအိမ်အဆောက်အအုံတွေ ထိခိုက်ပျက်စီးခဲ့သလို စက်တင်ဘာ ၂၉ ရက်၊ ညနေပိုင်းအထိ စာရင်းတွေအရ သေဆုံးသူ ၃၀ ဦးခန့်ရှိပြီး ကျား၊ မ အတိအကျ ခွဲခြားနိုင်ခြင်း မရှိသေးဘူးလို့လည်း သိရပါတယ်။

related posts

Leave a Comment