တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းအချို့ နဲ့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) တို့ ပူးပေါင်း၍ မဟာမိတ်အဖွဲ့စည်း ဖွဲ့စည်းလိုက်ပါတယ်။
ဒီနေ့ မတ်လ ၃၀ ရက်မှာ “ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ၊ Steering Council for the Emergence of a Federal Democratic Union – SCEF” ကို ဖွဲ့စည်းလိုက်တယ်လို့ ထုတ်ပြန်လာပါတယ်။
အဲဒီ အဖွဲ့အစည်းကိုတော့ ကချင်လွတ်လပ်ရေးအဖွဲ့ (KIO)၊ ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ချင်းအမျိုးသားတပ်ဦး (CNF)၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)၊ NUG နဲ့ CRPH တို့ ပါဝင်ကြပါတယ်။
အခမ်းအနားကို KIO ဒုတိယဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ဂမ်ရှောင် ၊ ကေအိုင်စီ ဒုဥက္ကဋ္ဌ ဒု-ဗိုလ်ချုပ်ကြီး ဂွန်မော် နဲ့ ဗဟိုကော်မတီဝင်တွေ၊ KNU ဥက္ကဋ္ဌ ဖဒိုစောကွယ်ထူးဝင်း၊ ဒုဥက္ကဋ္ဌ နဲ့ အဖွဲ့ဝင်တွေ၊ CNF ဥက္ကဋ္ဌ ပူးဇင်ကျုံး နဲ့ ဗဟိုအလုပ်အမှုဆောင်ကော်မတီအဖွဲ့ဝင်တွေ၊ ကရင်နီ ဥက္ကဋ္ဌ ခူဦးရယ်၊ KSCC, IEC , KNPP ခေါင်းဆောင် နဲ့ အဖွဲ့ဝင်တွေ၊ CRPH မှ ဦးအောင်ကြည်ညွန့် နဲ့ အဖွဲ့ဝင်တွေ ၊ရေးရာကော်မတီ၊ ဥက္ကဋ္ဌ တွေ နဲ့ အတွင်းရေးမှူးတွေ၊ NUG မှ ယာယီသမ္မတ ဒူဝါလရှီးလ၊ ပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်သန်းနဲ့ အစိုးရအဖွဲ့ဝင်တွေ တော်လှန်ရေးခေါင်းဆောင်တွေ နဲ့ ဖိတ်ကြားထားသောဧည့်သည်တော်တွေ တက်ရောက်ခဲ့ကြတယ်လို့ ဆိုပါတယ်။


