Home » NUG နဲ့ စစ်ကိုင်းဖက်ဒရယ်ယူနစ်တို့ အာဏာခွဲဝေရေး သဘောတူ

NUG နဲ့ စစ်ကိုင်းဖက်ဒရယ်ယူနစ်တို့ အာဏာခွဲဝေရေး သဘောတူ

by Homeland Author

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အဖွဲ့ဝင်တွေ နဲ့ စစ်ကိုင်းဖက်ဒရယ်ယူနစ်ကြားကာလအစိုးရအဖွဲ့တို့ လုပ်ပိုင်ခွင့် အာဏာခွဲဝေရေးနဲ့ပတ်သက်၍ ၂၀၂၆ ခုနှစ်၊ မတ်လ ၁၀ နေ့က တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

NUG အဖွဲ့ဝင်နဲ့ နဲ့ စစ်ကိုင်းဖက်ဒရယ်ယူနစ်ကြားကာလအစိုးရအဖွဲ့တို့ဟာ လွတ်မြောက်နယ်မြေ တစ်နေရာမှာ လုပ်ပိုင်ခွင့် အာဏာခွဲဝေခြင်း (Division of Competency)ကို ဒုတိယအကြိမ် တွေ့ဆုံ ဆွေးနွေးခဲ့ကြတာပါ။

လုပ်ပိုင်ခွင့်အာဏာခွဲဝေခြင်း ကိစ္စရပ်ကို ဆွေးနွေးကြရာ သဘောတူညီချက် ၉ ရပ် ချမှတ်နိုင်ခဲ့ပြီး ကျန်ရှိနေတဲ့ ကဏ္ဍတွေအပေါ်မှာလည်း ပြင်ဆင်ဖို့ လိုအပ်တဲ့အချက်တွေ၊ ဖြည့်စွက်ဖို့ လိုအပ်တဲ့အချက်တွေကိုလည်း ဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။

အုပ်ချုပ်ရေး၊ ကာကွယ်ရေး၊ ဘဏ္ဍာရေး နဲ့ ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းတွေ ဆောင်ရွက်နိုင်ရေးတို့နဲ့ပတ်သက်၍ ရှေ့ဆက်ဆောင်ရွက်ရမယ့် လုပ်ငန်းစဉ်တွေကိုလည်း အပြန်အလှန် ဆွေးနွေးခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အဲဒီ အစည်းအဝေးမှာ NUG မှ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝေစိုး၊ ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန် ၊ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်နီ၊ လူမှုကူညီရေး အလုပ်သမားနှင့် လူသားချင်းစာနာထောက်ထားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာငိုင်းတမ်မောင်း၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးခွန်စောဖူ နဲ့ ရုံးအဖွဲ့ဝင်တွေ တက်ရောက်ကြတယ်လို့ ဆိုပါတယ်။

စစ်ကိုင်းဖက်ဒရယ်ယူနစ်ကြားကာလအစိုးရအဖွဲ့မှ ဝန်ကြီးချုပ်ဦးစိုးဦး၊ ၊ ပြည်ထဲရေးဝန်ကြီး ဦးမိုးမင်းဝင်း၊ လျှပ်စစ်၊ စွမ်းအင်နှင့် ဆောက်လုပ်ရေးဝန်ကြီး ဦးသန်းလှိုင်၊ ရှေ့နေချုပ် ဦးအောင်ချစ်ညို နဲ့ ရုံးအဖွဲ့ဝင်တွေ တက်ရောက်ခဲ့ကြတယ်လို့ ဆိုပါတယ်။

related posts

Leave a Comment