Home စစ်ရေး တော်လှန်ရေးအဖွဲ့တွေ ထိန်းချုပ်ထားတဲ့ ဖားဆောင်းမြို့ကို စစ်တပ် ပြန်သိမ်း

တော်လှန်ရေးအဖွဲ့တွေ ထိန်းချုပ်ထားတဲ့ ဖားဆောင်းမြို့ကို စစ်တပ် ပြန်သိမ်း

by Homeland Author

တော်လှန်ရေး အင်အားစုတွေ ထိန်းချုပ်ထားတဲ့ ကယား (ကရင်နီ) ပြည်နယ် ဖားဆောင်းမြို့ကို ဒီနေ့ ဖေဖော်ဝါရီ ၁၅ ရက်မှာ ပြန်လည်တိုက်ခိုက် ထိန်းချုပ်နိုင်ခဲ့တယ်လို့ သတင်းထုတ်ပြန်လာပါတယ်။

ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP)၊ ကရင်နီအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDF) နဲ့ တော်လှန်ရေးအင်အားစုတွေ ထိန်းချုပ်ထားတဲ့ ဖားဆောင်းမြို့ကို စစ်တပ်က “ရန်နိုင်မင်း” စစ်ဆင်ရေးအမည်ဖြင့် ပြန်လည်ထိုးစစ်ဆင်ခဲ့တယ်လို့ ဆိုပါတယ်။

ဖားဆောင်းမြို့ကို ပြန်လည်ထိန်းချုပ်နိုင်ရေး စစ်တပ် နဲ့ တော်လှန်ရေး အင်အားစုတို့ တိုက်ပွဲ ကြီး/ငယ် ၃၁ ကြိမ်ဖြစ်ပွားခဲ့ပြီး ရန်သူ့ထံမှ လက်နက်မျိုးစုံ ၁၇ လက်၊ အလောင်းတွေ နဲ့ ဖောက်ခွဲရေးဆက်စပ်ပစ္စည်းတွေ သိမ်းဆည်းရရှိခဲ့ပြီး စစ်တပ်ဖက်ကလည်း တပ်ဖွဲ့ဝင်အချို့ သေဆုံးမှုတွေ ရှိတယ်လို့ ဖော်ပြပါတယ်။

မြို့ရှိ ဘာသာရေးဆိုင်ရာ အဆောက်အအုံတွေ၊ စာသင်ကျောင်းတွေ၊ ဌာနဆိုင်ရာ အဆောက်အအုံတွေ၊ ဆေးရုံ/ဆေးခန်းတွေ နဲ့ လူနေအိမ်တွေ ပျက်စီးခဲ့ပြီး အဆိုပါ ပျက်စီးမှုတွေကို အမြန်ဆုံး ပြန်လည်ပြုပြင်ခြင်း လုပ်ငန်းတွေ ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။

စစ်တပ်က ဖားဆောင်းမြို့ကို ပြန်လည်သိမ်းပိုက်ထိန်းချုပ်နိုင်ခဲ့တဲ့အတွက် လွိုင်ကော် – ဒီးမော့ဆို – ဖရူဆို – ဘောလခဲ – ဖားဆောင်း ဆက်သွယ်ရေး လမ်းမကြီးကို မကြာမီအချိန်မှာ ပြန်လည်ဖွ်င့လှစ်နိုင်တော့မယ်လို့ ဆိုပါတယ်။

related posts

Leave a Comment