Home သဘာဝဘေး ဟုမ္မလင်းနဲ့ ဖောင်းပြင်မှာ မြစ်ရေမြင့်တက်လာနိုင်ဟု သတိပေး

ဟုမ္မလင်းနဲ့ ဖောင်းပြင်မှာ မြစ်ရေမြင့်တက်လာနိုင်ဟု သတိပေး

by Homeland Author

စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၊ ဟုမ္မလင်းမြို့နယ် နဲ့ ဖောင်းပြင်မြို့နယ်တွေအတွင်း မြစ်ကမ်းအနီးနဲ့ မြေနိမ့်ပိုင်း နေထိုင်သူတွေအနေနဲ့ မြစ်ရေမြင့်တက်လာနိုင်တာကြောင့် အချိန်မီရှောင်ရှားနိုင်ဖို့ မိုးလေဝသနှင့်ဇလဗေဒညွန်ကြားရေးမှု ဦးစီးဌာနက ထုတ်ပြန်ပါတယ်။

ဒီကနေ့ ၁၂ နာရီ ၃၀ မိနစ် တိုင်းထွာချက်အရ ချင်းတွင်း မြစ်ရေဟာ ဟုမ္မလင်းမြို့မှာ စိုးရိမ်ရေမှတ်အောက် ၂ ပေခွဲခန့်မှာ ရောက်ရှိနေကြောင်း အဆိုပါ မြစ်ရေဟာ နောက် ၂ ရက်အတွင်း ဟုမ္မလင်းမြို့ရဲ့ စိုးရိမ်ရေးမှတ်သို့ ရောက်ရှိနိုင်တယ်လို့ ဆိုပါတယ်။

အလားတူ ဒီကနေ့ ၁၂ နာရီ ၃၀ မိနစ် တိုင်းထွာချက်အရ ချင်းတွင်း မြစ်ရေဟာ ဖောင်းပြင်မြို့မှာ စိုးရိမ်ရေမှတ်အောက် ၃ ပေခန့်မှာ ရောက်ရှိနေကြောင်း အဆိုပါ မြစ်ရေဟာ နောက် ၂ ရက်အတွင်း ဖောင်းပြင်မြို့ရဲ့ စိုးရိမ်ရေမှတ်သို့ ရောက်ရှိနိုင်တယ်လို့ ထုတ်ပြန်ပါတယ်။

ဒါကြောင့် ချင်းတွင်းမြစ်ကမ်းအနီး နဲ့ မြေနိမ့်ပိုင်း နေထိုင်သူတွေအနေနဲ့ မြစ်ရေမြင့်တက်လာနိုင်တာကြောင့် အချိန်မီရှောင်ရှားနိုင်ဖို့ မိုးလေဝသနှင့်ဇလဗေဒညွန်ကြားရေးမှု ဦးစီးဌာနက ထုတ်ပြန်ပါတယ်။

related posts

Leave a Comment