31
လေကြောင်းတိုက်ခိုက်မှု နဲ့ အကြောင်းတရားကြားမှ ကရင်အမျိုးသားအစည်းအရုံး (KNU) အုပ်ချုပ်ရေးနယ်မြေ ဝင်းရေးမြို့နယ် (ကြာအင်းဆိပ်ကြီးမြို့နယ်)ရှိ ကျောင်းသား/ကျောင်းသူတွေ စာမေးပွဲ ဖြေဆိုခဲ့ကြောင်း KNU က မနေ့က မတ်လ ၂၂ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။
မတ်လ ၁၄ ရက်နေ့က ကရင်ပညာရေး နဲ့ ယဉ်ကျေးမှုဌာန ကော်သူးလေ အစိုးရစစ် စာမေးပွဲကို ဖြေဆိုခဲ့တာဖြစ်ပြီး တာဝန်ရှိခေါင်းဆောင်တွေနဲ့ ကျောင်းဆရာ/ဆရာမတွေရဲ့ ပူးပေါင်းဆောင်ရွက်မှုနဲ့ အောင်မြင်စွာဖြေဆိုနိုင်ခဲ့တယ်လို့ ဆိုပါတယ်။
အဆိုပါ ကော်သူးလေ အစိုးရစစ် စာမေးပွဲကို Karen Education Culture Department (KECD) Grade – 6,9,12 စတဲ့ အတန်းပညာရေးကျောင်းသား/ကျောင်းသူတွေက နှစ်စဉ်ဖြေဆိုရတာဖြစ်တယ်လို့ ဆိုပါတယ်။