30
ထိုင်းနိုင်ငံထဲ ထွက်ပြေးသွားတဲ့ မြန်မာစစ်သားတွေကို မြန်မာဘက် ပြန်ပို့ပေးမယ်လို့ ထိုင်းသတင်းတွေက ရေးသားဖော်ပြကြပါတယ်။
ကရင်ပြည်နယ် ကျိုက်ဒုံမြို့နယ် မဲသရောထ စခန်းကို KNLA ပူးပေါင်း အထူးစစ်ဆင်ရေးတပ်ဖွဲ့က မတ်လ ၁၉ ရက်နေ့မှာ တိုက်ခိုက်သိမ်းပိုက်ပြီးနောက် စစ်သား ၄၈ ဦးမှာ ထိုင်းနိုင်ငံ မဲဆောက်မြို့နယ်ကို ထွက်ပြေးသွားခဲ့တာပါ။
မြန်မာစစ်သား ၄၈ ဦးနဲ့အတူ လက်နက် ၆၁ လက်ကိုပါ ထိုင်းစစ်တပ်က ဖမ်းဆီးခဲ့တာဖြစ်ပြီး မြန်မာပြည်ဖက်ကို ပြန်ပို့ခံရမယ့် စစ်သား ၄၈ ဦးဟာ တနင်္သာရီတိုင်းထဲက ဘုတ်ပြင်း အခြေစိုက်တပ်ရင်းနဲ့ တနင်္သာရီမြို့နယ်တို့ရှိ တပ်ရင်းတွေက တပ်ဖွဲ့ဝင်တွေဖြစ်တယ်လို့ ဒေသတွင်းသတင်းဌာနတွေက ရေးသားဖော်ပြကြပါတယ်။