36












သတင်းဓါတ်ပုံ
ဒီကနေ့ မတ်လ ၁၃ ရက်နေ့မှာ ကျရောက်တဲ့ ၄၉၈ နှစ်မြောက် ရှမ်းနီအမျိုးသားနေ့ကို ရှမ်းနီအမျိုးသားများ တပ်မတော် (SNA) တပ်မဟာ ၆၁၄ နယ်မြေမှာ ကျင်းပခဲ့ကြတယ်လို့ သိရပါတယ်။
ဒါ့အပြင် SNA ရဲ့ ဗဟို ဌာနချုပ် မိန်းဆိုင်တိုင်းနိုင်း နဲ့ အခြားသော ရှမ်းနီဒေသ အသီးသီးမှာလည်း ကျင်းပခဲ့တယ်လို့ သိရပါတယ်။
ရှမ်းနီတို င်းရင်းသားတွေရဲ့ စည်းလုံးညီညွတ်မှုနဲ့ နိုင်ငံမြို့ပြအင်ပါယာအပြင် အခြားသော အောင်မြင်မှုတွေကို တည်ဆောက်နိုင်ခဲ့တဲ့ ရှမ်းနှစ် ၁၆၂၁ ခုနှစ်၊ မြန်မာ သက္ကရာဇ် ၈၈၈ ခုနှစ်၊ ခရစ်နှစ် ၁၅၂၇ ခုနှစ် မတ်လ ၁၃ ရက်နေ့ကို အမျိုးသားနေ့အဖြစ် သတ်မှတ်ခဲ့ ကြတာလည်း ဖြစ်ပါတယ်။











