စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း ဟုမ္မလင်းမြို့နယ်၊ နမ့်တောမြို့မှာ ဒီကနေ့ မတ်လ ၅ ရက် နေ့လည် ၁၂ နာရီ ၅ မိနစ်ခန့်က ငလျင်လှုပ်ခတ်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
“တစ်မိနစ်လောက်တော့ ကြာတယ်၊ အရမ်းကြီးတော့ မပြင်းထန်ဘူး။ ပျက်စီးမှုအခြေအနေတော့ မသိရသေးဘူး၊ ဖောင်းပြင်ဖက်လည်း ငလျင်လှုပ်ခတ်သွားတယ်လို့ သူငယ်ချင်းတစ်ယောက်လည်း ပြောတယ်” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
အလားတူ ဒီကနေ့ မနက် အစောပိုင်းကလည်း ညောင်တုန်းမြို့ရဲ့ အရှေ့တောင်ဘက် ၆ မိုင်ခန့်အကွာ မြောက်လတ္တီတွဒ် (၁၆.၉၆) ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၅.၆၆) ဒီဂရီ၊ အနက် (၁၀) ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၅.၁) အဆင့်ရှိ အင်အားအသင့်အတင့်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားတယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန က ထုတ်ပြန်ထားပါတယ်။