Home » ဝန်းသိုစော်ဘွား စဝ်အောင်မြတ်ရဲ့ မြေးတော် စဝ်ကြည်သိန်း ဈာပနမြင်ကွင်း

ဝန်းသိုစော်ဘွား စဝ်အောင်မြတ်ရဲ့ မြေးတော် စဝ်ကြည်သိန်း ဈာပနမြင်ကွင်း

by Homeland Author

Homeland News Agency၊ နိုဝင်ဘာ ၂၆၊ ၂၀၂၆

၂၀၂၆ ခုနှစ် နိုဝင်ဘာ ၂၄ ရက် မနက် ၁၀ နာရီမှာ ကံတော်ကုန် ကွယ်လွန်သွားခဲ့တဲ့ ဝန်းသိုစော်ဘွား စဝ်အောင်မြတ် (ခ) ဦးအောင်မြတ်ရဲ့ မြေးတော် စဝ်ကြည်သိန်း (ခ) ဒေါ်နန်းသိန်းသိန်းရဲ့ ဈာပနအခမ်းအနား မြင်ကွင်းဖြစ်ပါတယ်။

စဝ်ကြည်သိန်းဟာ ဝန်းသိုစော်ဘွား စဝ်အောင်မြတ်နဲ့ သောင်သွပ်စော်ဘွားကြီး စဝ်သွန်၊ နန်းဖွားဆိုင်တို့ရဲ့ မြေးတော်ဖြစ်ပြီး အသက် ၉၃ နှစ်အရွယ်မှာ ၉၆ ပါးရောဂါနဲ့ ကံတော်ကုန်ခဲ့တာလို့ သိရပါတယ်။

ကြွင်းကျန်ရစ်တဲ့ ရုပ်ကလာပ်တော်ကို စော်ဘွားအနွယ်တော်တွေရဲ့ ရှမ်းရိုးရာထုံးတမ်းစဉ်လာအတိုင်း ဒီနေ့ နိုဝင်ဘာ ၂၆ ရက်မှာ ဈာပနအခမ်းအနားနဲ့ ပို့ဆောင်မီးသင်္ဂြိုဟ်ခဲ့တယ်လို့ သိရပါတယ်။

အဲဒီနောက် ကျန်ရှိတဲ့ အရိုးပြာတွေကို ဝန်းသိုစော်ဘွားကြီး စဝ်အောင်မြတ်ရဲ့ အုတ်ဂူအနီးမှာ မြေးတော်အမှတ်တရ မှတ်တိုင်အဖြစ် ထားရှိသွားမယ်လို့ သိရပါတယ်။

related posts

Leave a Comment