Home » ဝန်းသိုစော်ဘွား စဝ်အောင်မြတ်ရဲ့ မြေးတော် စဝ်ကြည်သိန်း ကံတော်ကုန်

ဝန်းသိုစော်ဘွား စဝ်အောင်မြတ်ရဲ့ မြေးတော် စဝ်ကြည်သိန်း ကံတော်ကုန်

by Homeland Author

ဝန်းသိုစော်ဘွား စဝ်အောင်မြတ် (ခ) ဦးအောင်မြတ်ရဲ့ မြေးတော် စဝ်ကြည်သိန်း (ခ) ဒေါ်နန်းသိန်းသိန်းဟာ ၂၀၂၆ ခုနှစ် နိုဝင်ဘာ ၂၄ ရက် မနက် ၁၀ နာရီမှာ ကံတော်ကုန် ကွယ်လွန်သွားတယ်လို့ သိရပါတယ်။

စဝ်ကြည်သိန်းဟာ ဝန်းသိုစော်ဘွား စဝ်အောင်မြတ်နဲ့ သောင်သွပ်စော်ဘွားကြီး စဝ်သွန်၊ မဟာဒေဝီ နန်းဖွားဆိုင်တို့ရဲ့ မြေးတော်ဖြစ်ပြီး အသက် ၉၃ နှစ်အရွယ်မှာ ၉၆ ပါးရောဂါနဲ့ ကံတော်ကုန်ခဲ့တာလို့ သိရပါတယ်။

ကြွင်းကျန်ရစ်တဲ့ ရုပ်ကလာပ်တော်ကို စော်ဘွားအနွယ်တော်တွေရဲ့ ရှမ်းရိုးရာ ထုံးတမ်းစဉ်လာအတိုင်း ဈာပနအခမ်းအနားနဲ့ ပို့ဆောင်မီးသင်္ဂြိုဟ်သွားမယ်လို့ သိရပါတယ်။

အဲဒီနောက် ကျန်ရှိတဲ့ အရိုးပြာတွေကို ဝန်းသိုစော်ဘွားကြီး စဝ်အောင်မြတ်ရဲ့ အုတ်ဂူအနီးမှာ မြေးတော်အမှတ်တရ မှတ်တိုင်အဖြစ် ထားရှိသွားမယ်လို့ သိရပါတယ်။

စဝ်ကြည်သိန်းရဲ့ ဈာပနအခမ်းအနားကို နိုဝင်ဘာ ၂၆ ရက်မှာ ကျင်းပနိုင်ဖို့ စီစဉ်ထားပြီး ရှမ်းပြည်နယ်အစိုးရအနေနဲ့ လိုအပ်တာတွေကို ကူညီဆောင်ရွက်ပေးဖို့နဲ့ စော်ဘွားအနွယ်တော်တွေနဲ့အတူ ပို့ဆောင်မီးသင်္ဂြိုဟ်မယ့် အခမ်းအနားကို ကြွရောက်ပေးဖို့ မိသားစုဝင်တွေက ဖိတ်ကြားထားတယ်လို့ သိရပါတယ်။

related posts

Leave a Comment