Home နိုင်ငံရေး ဖားကန့်မှာ KIA အဓမ္မတပ်သားသစ် စုဆောင်း

ဖားကန့်မှာ KIA အဓမ္မတပ်သားသစ် စုဆောင်း

by Homeland Author

ဖားကန့်မြို့နယ်အတွင်းမှာ ကချင်လက်နက်ကိုင်အဖွဲ့ (KIA) နဲ့ လက်အောက်ခံအဖွဲ့အစည်းတွေဟာ အဓမ္မတပ်သားစုဆောင်းမှုတွေ ပိုမိုလုပ်ဆောင်လာနေတယ်လို့ သိရပါတယ်။

လက်ရှိ မြင်တွေ့ရတဲ့ KIA နဲ့ လက်အောက်ခံအဖွဲ့တွေ အဓမ္မတပ်သားစုဆောင်းနေတဲ့ ရုပ်သံဖိုင်ဟာ ဆိပ်မူ (ဆိုင်းတောင်) ကျေးရွာအတွင်း ဖြစ်တယ်လို့ ဆိုပါတယ်။

အလားတူ သီတင်းကျွတ်လပြည့်နေ့မှာ ဘာသာရေးအဆောက်အအုံတွေမှာ သန့်ရှင်းရေး လုပ်ဆောင်နေတဲ့ လူငယ်အများစုကိုလည်း KIA နဲ့ လက်အောက်ခံအဖွဲ့တွေ အဓမ္မတပ်သားစုဆောင်းသွားတယ်လို့ သိရပါတယ်။

မနေ့က အောက်တိုဘာ ၇ ရက်နေ့မှာလည်း မှော်ရှန်စိန်ချိုကွမ်းယာဆိုင်တလျှောက် ကားနှစ်စီးနဲ့ စုဆောင်းရေးဆွဲနေသလို ဆိပ်မူ (ဆိုင်းတောင်) နတ်ကြီးစင်မြောက်ဘက် ကြယ်စင်ဆု ရွှေဆိုင် ညာဘက်ကပ်လျက် အကင်ဆိုင် နဲ့ ကောင်းကောင်းစတိုးအနီး စမ်းဧရာဆိုင်က ပြန်လာတဲ့ စားပွဲထိုးမလေးတွေကို ခေါ်ဆောင်သွားကြောင်း ဒေသတွင်း သတင်းတွေကို ရေးသားနေတဲ့ အောင်ဇော်မိုး ဖားကန့်က ၎င်းရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားထားပါတယ်။

လက်ရှိ ဖားကန့်မှာ KIA နဲ့ လက်အောက်ခံအဖွဲ့တွေ အဓမ္မတပ်သားစုဆောင်းနေတာကြောင့် ရွေ့ပြောင်းအလုပ်သမားတွေ၊ ဒေသတွင်း လူငယ်တွေအပြင် အမျိုးသမီးငယ်တွေပါ အခက်အခဲတွေနဲ့ ကြုံတွေ့နေရတယ်လို့ ဆိုပါတယ်။

related posts

Leave a Comment