22
ဖမ်းဆီးထိန်းသိမ်းခြင်းကို ခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည် အမြန်ဆုံးလွတ်မြောက်ဖို့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) မှ အထွေထွေအတွင်းရေးမှူး ဗိုလ်ချုပ်တာဘုန်းကျော်က ဒီကနေ့ ဇွန်လ ၁၉ ရက် အသက် (၈၀) ပြည့် မွေးနေ့မှာ ဆုတောင်းတဲ့ရုပ်သံဖိုင်ကို သူ့ရဲ့ လူမှုကွန်ရက်မှာ ဝေမျှထားပါတယ်။
ဗိုလ်ချုပ်တာဘုန်းကျော်က“Happy Birthday ဒေါ်အောင်ဆန်းစုကြည်။ အမြန်ဆုံး လွတ်မြောက်ပါစေ။ မြန်မာပြည်ကို အမြန်ဆုံး ဦးဆောင်နိုင်ပါစေ”လို့ ဆုတောင်းထားပါတယ်။
ဒေါ်အောင်ဆန်းစုကကြည်ကို မြန်မာစစ်တပ်က ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့ကတည်းက ဖမ်းဆီးထိန်းသိမ်းထားတာပါ။