စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၊ ဟုမ္မလင်းမြို့နယ်အတွင်းရှိ မိုဘိုင်းလွတ်မြို့မှာ ဒီနေ့ ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၂၈ ရက် ညနေပိုင်းမှာ ရှမ်းနီ(တိုင်းလျန်)သွေးစည်းညီညွတ်ရေးပါတီ (SSP) မှ ရွေးကောက်တင်မြှောက်ခြင်းခံရတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ နဲ့ ဒေသခံတိုင်းရင်းသားတို့ ဒေသဖွံ့ဖြိုးရေး နှီးနှောဖလှယ်ပွဲ အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ အဲဒီ တွေ့ဆုံဆွေးနွေးပွဲကို …
ရွေးကောက်ပွဲ ဝင်ပြိုင်မယ့် ကိုယ်စားလှယ်တွေကို ကာကွယ်သွားမယ်လို့ လဝါယန် ကချင်ပြည်သူ့စစ် ပြော
စစ်ကော်မရှင်က ဦးဆောင်ကျင်းပမယ့် ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေးအတွက် နိုင်ငံရေးပါတီ ကိုယ်စားလှယ်တွေ၊ တသီးပုဂ္ဂလ ကိုယ်စားလှယ်တွေကို မိမိတို့အနေဖြင့် ကူညီကာကွယ်စောင့်ရှောက်သွားမယ်လို့ ဂွေထု/လဝါယန်(ဌာနေ) ကချင်ပြည်သူ့စစ်အဖွဲ့က ကြေညာပါတယ်။ ဒါ့အပြင် အဆိုပါ ရွေးကောက်ပွဲကို မိမိတို့ ကချင်ပြည်သူ့စစ်အဖွဲ့ ဥက္ကဋ္ဌ ဦးလဆန်နော်လီ ဦးဆောင်တဲ့ ဂွေထု/လဝါယန်(ဌာနေ) ကချင်ပြည်သူ့စစ်အဖွဲ့မှ အထူးအလေးအနက်ထား ကြိုဆိုထောက်ခံတယ်လို့ ဆိုပါတယ်။ မိမိိတို့ အနေဖြင့် ပြည်တွင်းမတည်မငြိမ်မှု ပဋိပက္ခတွေမှာ …