နောက်ဆုံး သတင်း

  • အာဏာသိမ်းစစ်တပ်ကိုတော်လှန်ချင်လျှင် စစ်တပ်အကျင့်ဆိုးကို လိုက်မကျင့်ဖို့ လိုအပ်တယ်။ စစ်အာဏာရှင်လက်အောက်က လွတ်မြောက်ချင်လျှင် ကိုယ်တိုင်အာဏာရှင် မဖြစ်အောင် နေဖို့လိုတယ်။ သည်အချက်ဟာ အာဏာရှင်တော်လှန်ရေးမှာ သင်ပေး စရာမလိုအောင် သိမြင်ရမယ့် အခြေခံ နားလည်မှုပါ။ စစ်တပ်အာဏာသိမ်းတာကို ငါတို့ မကြိုက်ပေမယ့် ငါတို့အာဏာရှင်စိတ် ပေါက်လာတာကိုတော့ လူထုကြီးဘက်က ရန်ပုံငွေ ထည့်၊ လူစိုက်ပြီး ထောက်ခံပေးကြပါ ဆိုတာမျိုးကတော့ နောင်လာတဲ့ မောင်ပုလဲ ဒိုင်းဝန် …

    0 FacebookTwitterPinterestEmail
  • စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၊ ပင်လည်ဘူးဒေသမှ ရှမ်းနီတိုင်းရင်းသားတို့ရဲ့ စုပေါင်းဘုံကထိန်ပွဲတော်ကို တုံးမွန်းကျေးရွာမှာ ကျင်းပခဲ့ကြတယ်လို့ သိရပါတယ်။ အဆိုပါ စုပေါင်းဘုံကထိန်အလှူတော်မင်္ဂလာပွဲကို ရပ်ဝေးရပ်နီးမှ ရောက်ရှိလာကြတဲ့ အလှူဒါယကာ/ဒါယိကာမတွေနဲ့ တုံးမွန်းကျေးရွာသူ၊ ကျေးရွာသားတို့ စုပေါင်း၍ တုံးမွန်းကျေးရွာ ဒက္ခိဏာရာမကျောင်းတိုက်မှာ စည်ကားသိုက်မြိုက်စွာကျင်းပခဲ့ကြတယ်လို့ သိရပါတယ်။

    0 FacebookTwitterPinterestEmail
  • စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်းဒေသဖြစ်တဲ့ ဟုမ္မလင်းမြို့ကို ရွေးကောက်ပွဲမတိုင်ခင် တော်လှန်ရေးအင်အားစုတွေ ထိုးစစ်ဆင် တိုက်ခိုက်လာနိုင်လားဆိုတာနဲ့ ပတ်သက်ပြီး နိုင်ငံရေး လေ့လာသူတွေက အခုလို သုံးသပ်ကြပါတယ်။ လက်ရှိမှာ ကချင်ပြည်နယ်အစပ်နဲ့ စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်းဒေသတွေမှာ ကချင်လက်နက်ကိုင်အဖွဲ့ (KIA) နဲ့ ပူးပေါင်းအဖွဲ့တွေက ထိုးစစ်ဆင် တိုက်ခိုက်နေတာ ဖြစ်ပါတယ်။ ဒါပေမယ့် ရွေးကောက်ပွဲ ကျင်းပမယ့် မြို့နယ်တွေထဲမှာ ပါဝင်တဲ့ ဟုမ္မလင်းကိုတော့ KIA …

    0 FacebookTwitterPinterestEmail
  • ထိုင်း – မြန်မာနယ်စပ် မြဝတီမြို့နယ်အတွင်းရှိ KK Park အွန်လိုင်းငွေလိမ်လုပ်ငန်းအတွက် မြေငှားရမ်းခြင်း နဲ့ လုံခြုံရေး စောင့်ရှောင်ခ ရယူခြင်း မရှိကြောင်း ကရင်အမျိုးသား အစည်းအရုံး (KNU) က ငြင်းဆိုထားပါတယ်။ စစ်တပ်ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်ချုပ်ဇော်မင်းထွန်း နဲ့ မီဒီယာအချို့က KNU ဟာ KK Park အွန်လိုင်းငွေလိမ်လုပ်ငန်းအတွက် မြေငှားရမ်းခြင်း နဲ့ လုံခြုံရေး …

    0 FacebookTwitterPinterestEmail
  • စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း ဗန်းမောက်မြို့ပေါ်ရှိ ဌာနဆိုင်ရာရုံးအချို့ မီးရှို့ဖျက်ဆီးခံနေရတယ်လို့ လူမှုကွန်ရက်ပေါ်မှာ ရုပ်သံဖိုင်တွေ ထွက်ပေါ်လာနေပါတယ်။ အဆိုပါ ရုပ်သံဖိုင်တွေနဲ့အတူ “ဗန်းမောက်မြို့ပေါ်ရှိနေအိမ်များကို KIA ဦးဆောင်၍ ပြည်သူ့ကာကွယ်ရေး PDF များနှင့်အတူ 26.10.2025 ရက်နေ့ နံနက်၁၀နာရီခွဲအချိန်တွင် စတင်မီးရှိုးဖျက်ဆီးနေ” ဟု ရေးသားထားကြပါတယ်။ ဗန်းမောက်မြို့ကို ကချင်လက်နက်ကိုင်အဖွဲ့ (KIA) ပူးပေါင်းအဖွဲ့တွေက စက်တင်ဘာ ၂၀ ရက်နေ့မှာ သိမ်းပိုက်ထားပါတယ်။

    0 FacebookTwitterPinterestEmail
  • စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၊ ဗန်းမောက်မြို့နယ်အတွင်းက ရှမ်းနီအမျိုးသားများတပ်မတော် (SNA) ထိန်းချုပ်ထားတဲ့ စက်တောကျေးရွာ ဘုန်းတော်ကြီးကျောင်း မီးရှို့ဖျက်ဆီးခံရတယ်လို့ ရေးသားဖြန့်ဝေမှုဟာ သတင်းမှားဖြန့်ဝေမှုတစ်ခုသာ ဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါ စက်တောကျေးရွာ အပါအဝင် အနီးအနားရှိ ကျေးရွာတွေမှာ အခုလအစောပိုင်းက SNA နဲ့ ကချင်လက်နက်ကိုင်အဖွဲ့ (KIA) ပူးပေါင်းတပ်တို့အကြား တိုက်ပွဲတွေ အပြင်းအထန် ဖြစ်ပွားခဲ့ပါတယ်။ အဲဒီနောက် စက်တောကို SNA …

    0 FacebookTwitterPinterestEmail