စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၊ ဟုမ္မလင်းမြို့နယ်အတွင်းရှိ မိုဘိုင်းလွတ်မြို့မှာ ဒီနေ့ ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၂၈ ရက် ညနေပိုင်းမှာ ရှမ်းနီ(တိုင်းလျန်)သွေးစည်းညီညွတ်ရေးပါတီ (SSP) မှ ရွေးကောက်တင်မြှောက်ခြင်းခံရတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ နဲ့ ဒေသခံတိုင်းရင်းသားတို့ ဒေသဖွံ့ဖြိုးရေး နှီးနှောဖလှယ်ပွဲ အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ အဲဒီ တွေ့ဆုံဆွေးနွေးပွဲကို …
စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း ဟုမ္မလင်းခရိုင်၊ ဟုမ္မလင်းမြို့နယ် နဲ့ ကသာခရိုင်၊ ဗန်းမောက်မြို့နယ် ခရိုင်ချင်းဆက်လမ်းပေါ်ရှိ နမ့်ကတင်ချောင်းကူး “သျှမ်းနီသံကူကွန်ကရစ်တံတား” တည်ဆောက်ခြင်း ပြီးစီးမှု အခြေအနေပဲ ဖြစ်ပါတယ်။ သျှမ်းနီစာပေယဉ်ကျေးမှုအဖွဲ့အစည်းက ဦးဆောင်၍ ဟုမ္မလင်းမြို့နယ် နမ့်စက်ကျေးရွာအနီး နမ့်ကတင်ချောင်းကို ဖြတ်၍ တည်ဆောက်နေတဲ့ တံတားပဲ ဖြစ်ပါတယ်။ အဆိုပါ နမ့်ကတင်ချောင်းကူး “သျှမ်းနီသံကူကွန်ကရစ်တံတား” တည်ဆောက်ပြီးစီးပါက ဟုမ္မလင်းမြို့နယ်နဲ့ ဗန်းမောက်မြို့နယ်အကြား ကုန်စည်ကူးသန်းရောင်းဝယ်မှု …