စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၊ ဟုမ္မလင်းမြို့နယ်အတွင်းရှိ မိုဘိုင်းလွတ်မြို့မှာ ဒီနေ့ ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၂၈ ရက် ညနေပိုင်းမှာ ရှမ်းနီ(တိုင်းလျန်)သွေးစည်းညီညွတ်ရေးပါတီ (SSP) မှ ရွေးကောက်တင်မြှောက်ခြင်းခံရတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ နဲ့ ဒေသခံတိုင်းရင်းသားတို့ ဒေသဖွံ့ဖြိုးရေး နှီးနှောဖလှယ်ပွဲ အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ အဲဒီ တွေ့ဆုံဆွေးနွေးပွဲကို …
စစ်တပ်အနေနဲ့ နယ်မြေရှင်းလင်းရေးစီမံချက်တွေ အမြန်ဆုံး အဆုံးသတ်စေရေး အပါအဝင် ဒေသခံ ပြည်သူတွေ ထိခိုက်မှု မရှိစေရေး အထူးသတိထား ဆောင်ရွက်ဖို့ လိုအပ်ကြောင်း ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) က ပြောပါတယ်။ ဇန်နဝါရီ ၈ ရက်နေ့ညက သီပေါမြို့နယ် နမ့်စောင်ချောင်း တောတွင်းတနေရာမှာ စစ်တပ်စစ်ကြောင်းမှ နယ်မြေရှင်းလင်းရေးပြုလုပ်ရာမှ တရားမဝင်လုပ်ငန်းလုပ်ဆောင်နေတဲ့ အမည်မသိ လက်နက်ကိုင်အဖွဲ့တခု (စိစစ်ဆဲ) နဲ့ အပြန်အလှန် …