Home » ကတူးစစ်ရှောင်တွေကို ကူညီပေးနေတဲ့ ဆရာတော်တွေကို သတ်ဖြတ်မယ်လို့ ခြိမ်းခြောက်

ကတူးစစ်ရှောင်တွေကို ကူညီပေးနေတဲ့ ဆရာတော်တွေကို သတ်ဖြတ်မယ်လို့ ခြိမ်းခြောက်

by Homeland Author

ကတူးစာသင်ကြားရေးနဲ့ စစ်ဘေးရှောင်ကူညီရေးတွေ ဆောင်ရွက်နေတဲ့ ကတူးရဟန်းတော်များအဖွဲ့ က ဆရာတော်တွေကို ကိုမျိုးသိန်းဦး ဆိုသူက ဖမ်းဆီးသတ်ဖြတ်မယ်ဆိုပြီး ခြိမ်းခြောက်ပြောဆိုခဲ့ကြောင်း ကတူးလူငယ်များအဖွဲ့ချုပ် က မေလ ၂၃ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။

“မိုင်းသုန်ကောင်စီ” ဆိုပြီး အမည်ခံထားပေမဲ့ တကယ်တမ်းတော့ အဖွဲ့အစည်းမရှိဘဲ သူတစ်ဦးတည်းပဲ ရှိတဲ့ ကိုမျိုးသိန်းဦးဟာ ကတူးစာသင်ကြားရေးနဲ့ စစ်ဘေးရှောင်ကူညီရေး ဆောင်ရွက်နေတဲ့ ကတူးရဟန်းတော်များအဖွဲ့ကို “ဘုန်းကြီးအလုပ် ဘုန်းကြီးမလုပ်ဘူး” လို့ စွပ်စွဲပြီး၊ ဖမ်းဆီးသတ်ဖြတ်လို့ရတယ်ဆိုကာ ခြိမ်းခြောက်ပြောဆိုခဲ့ပါတယ်။

ဒါ့အပြင် စာပေသင်ကြားရေးကိုသာ ဆက်လုပ်နေမယ်ဆိုရင် ဆရာတော်တွေကို ဖမ်းဆီးအရေးယူမယ်လို့လည်း ခြိမ်းခြောက်ခဲ့တယ်လို့ ဆိုပါတယ်။

ကိုမျိုးသိန်းဦးဟာ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် စက်တင်ဘာလ ၂ ရက်နေ့တုန်းကလည်း ကတူးတိုင်းရင်းသား ခေါင်းဆောင်ဟောင်းဖြစ်သလို ကတူးအမျိုးသားအဖွဲ့ ဗဟိုကော်မတီဝင်လည်းဖြစ်တဲ့ ဦးအောင်ဝင်းတင်ကို PDF လက်နက်ကိုင်အဖွဲ့အစည်းတွေကို အသုံးချပြီး တစ်လကြာ ဖမ်းဆီးချုပ်နှောင်ခဲ့ဖူးသူလည်း ဖြစ်ပါတယ်။

related posts

Leave a Comment