Home » ဟုမ္မလင်းမှာ နမ့်ပငရေအားလျှပ်စစ်စီမံကိန်း တည်ဆောက်နေ

ဟုမ္မလင်းမှာ နမ့်ပငရေအားလျှပ်စစ်စီမံကိန်း တည်ဆောက်နေ

by Homeland Author

စစ်ကိုင်းတိုင်း အထက်ပိုင်း၊ ဟုမ္မလင်းမြို့နယ်အတွင်းရှိ နမ့်ပငချောင်းပေါ်မှာ နမ့်ပငရေအားလျှပ်စစ်စီမံကိန်းကို တည်ဆောက်နေတယ်လို့ သက်ဆိုင်ရာအာဏာပိုင်အဖွဲ့အစည်းတွေရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

နမ့်ပငအသေးစား ရေအားလျှပ်စစ်စီမံကိန်းဟာ ဟုမ္မလင်းမြို့ရဲ့ အနောက်ဘက် ၇.၅ မိုင်ခန့်အကွာ၊ နားသကျိုက်ကျေးရွာအနီးမှာ တည်ရှိ၍ Concrete Gravity Dam တမံအမျိုး အစားဖြစ်ပြီး တပ်ဆင်စက်အင်အားမှာ ၆ မဂ္ဂါဝပ်ဖြစ်ကာ နှစ်စဉ်လျှပ်စစ်ဓာတ်အား – ၃၄.၆၈ သန်းကီလိုဝပ်နာရီ ပျဉ်းမျှထုတ်လုပ်နိုင်မှာဖြစ်တယ်လို့ သိရပါတယ်။

အဲဒီ နမ့်ပငရေအားလျှပ်စစ်စီမံကိန်း တည်ဆောက်ပြီးပါက ဟုမ္မလင်းမြို့နဲ့ အနီးပတ်ဝန်းကျင်​ကျေးရွာ ၂၆ ရွာ အိမ်​ထောင်စု ၅၉၇၀ ခန့်ကို ဓာတ်အားထုတ်လုပ် ဖြန့်ဖြူးနိုင်မှာဖြစ်တယ်လို့ ဆိုပါတယ်။

နမ့်ပင ရေအားလျှပ်စစ်စီမံကိန်းဟာ ၂၀၁၉ ခုနှစ် ဇူလိုင်လမှာ စတင်တည်ဆောက်ခဲ့ရာ အခုလာမယ့် ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ်မှာ အပြီးတည်ဆောက်ဖို့ လျာထားချက်တွေ ရှိတယ်လို့ သိရပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီး ချင်းတွင်းမြစ်အထက်ပိုင်း ဟုမ္မလင်းမြို့နယ်မှာ မဟာဓာတ်အားလိုင်းမရောက်ရှိတာကြောင့် ပုဂ္ဂလိကလျှပ်စစ်မီးတွေကိုသာ ဈေးနှုန်းကြီးမြင့် စွာပေး၍ အသုံးပြုနေရတယ်လို့ သိရပါတယ်။

အခုလို ဟုမ္မလင်းမြို့ပေါ်မှာ ပုဂ္ဂလိကလျှပ်စစ် မီးကိုသာ အသုံးပြုနေရပြီး ဈေးနှုန်းကြီးမြင့်နေသလို ကျေးလက်အများစုကတော့ ဆိုလာဘက်ထရီ နဲ့ ဖယောင်းတိုင်မီးကိုသာ အသုံးပြုနေဆဲဖြစ်တယ်လို့ သိရပါတယ်။

related posts

Leave a Comment