Home နိုင်ငံတကာ တရုတ်ကယ်ဆယ်ရေးဆေးကုသမှုအဖွဲ့ မြန်မာနိုင်ငံသို့ ရောက်ရှိ

တရုတ်ကယ်ဆယ်ရေးဆေးကုသမှုအဖွဲ့ မြန်မာနိုင်ငံသို့ ရောက်ရှိ

by Homeland Author

တရုတ်နိုင်ငံ ယူနန်ပြည်နယ်မှ ကယ်ဆယ်ရေးဆေးကုသမှုအဖွဲ့ဝင် ၃၇ ဦး ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ဒီကနေ့ မနက် ၇ နာရီဝန်းကျင်မှာ ရောက်ရှိခဲ့တယ်လို့ တရုတ်သံရုံးက ထုတ်ပြန်ပါတယ်။

မြန်မာနိုင်ငံရဲ့ ငလျင်ဘေးအန္တရာယ်ဖြစ်ပွားပြီးနောက် အချိန်မီ အရေးပေါ်ကူညီဖို့ ငလျင်ဖြစ်ပြီး ၁၈ နာရီအတွင်း မြန်မာနိုင်ငံကို ပထမဆုံးရောက်ရှိလာတဲ့ အပြည်ပြည်ဆိုင်ရာကယ်ဆယ်ရေးအဖွဲ့ ဖြစ်တယ်လို့ ဆိုထားပါတယ်။

တရုတ်-မြန်မာ အစဉ်အလာဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေးနဲ့ အေးအတူပူအမျှအသိုက်အဝန်းစိတ်ဓာတ်ကို ပြသခဲ့ပြီး ကယ်ဆယ်ရေးအဖွဲ့ဟာ ပျက်စီးဆုံးရှုံးမှုများတဲ့ နေပြည်တော်သို့ အမြန်သွားရောက်ကာ ကယ်ဆယ်ရေးလုပ်ငန်းတွေမှာ ပါဝင်ဆောင်ရွက်မှာဖြစ်တယ်လို့ ဆိုပါတယ်။

အဖွဲ့ဝင် ၃၇ ဦးပါ တရုတ်နိုင်ငံယူနန်ပြည်နယ်ကယ်ဆယ်ရေး ဆေးကုသမှုအဖွဲ့ဟာ ကူမင်း Changshui အပြည်ပြည်ဆိုင်ရာလေဆိပ်မှ အသက်ကယ်ကိရိယာ(Life detector)တွေ၊ ငလျင်ကြိုတင်သတိပေးစနစ်(Earthquake early warning system) တွေ၊ ခရီးဆောင်ဂြိုလ်တု(portable satellite) တွေနဲ့ ဒရုန်းတွေ အပါအဝင် အရေးပေါ် ကယ်ဆယ်ရေးပစ္စည်းတွေ စုစုပေါင်း ၁၁၂ စုံသယ်ဆောင်ပြီး မြန်မာနိုင်ငံကို လာရောက်ခဲ့တာလို့ ဆိုပါတယ်။

related posts

Leave a Comment