ပလောင် (တအာင်း) အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ထိန်းချုပ်ထားတဲ့ သျှမ်းပြည်မြောက်ပိုင်း၊ နမ့်ခမ်းမြို့နယ် ကောင်းတပ်ရွာမှာ ပေါက်ကွဲမှု တစ်ခုဖြစ်ပွားခဲ့ပြီး ထိခိုက်ပျက်စီးမှုတွေ များပြားခဲ့တယ်လို့ သိရပါတယ်။
ဒီနေ့ မေလ ၃၁ ရက် ၁၂ နာရီကျော်မှာ ပေါက်ကွဲခဲ့တာကြောင့် အနီးပတ်ဝန်းကျင်ရှိ ပြည်သူတွေရဲ့ နေအိမ်အများအပြား ပျက်စီးသွားတယ်လို့ သိရပါတယ်။
အဲဒီ ခဲယမ်းဂိုဒေါင်ပေါက်ကွဲမှုကြောင့် လူသေဆုံးမှု၊ ထိခိုက်ဒဏ်ရာရရှိမှုတွေလည်း ရှိခဲ့ပြီး သေဆုံးမှု စာရင်းအတိအကျတော့ မသိရှိရသေးဘူးလို့ TNLA က ထုတ်ပြန်ခဲ့ပါတယ်။
TNLA ကတော့ ပေါက်ကွဲမှုဖြစ်စဉ်နဲ့ ပတ်သက်ပြီး အကြောင်းအရင်း အသေးစိတ်ကို မသိရှိရသေးကြောင်း၊ ထိခိုက်ပျက်စီးမှုအခြေအနေတွေကို ဆက်လက်အတည်ပြုနေဆဲလို့ပြီး စုံစမ်းစစ်ဆေးမှုတွေ ပြီးစီးပါက ဆက်လက်ထုတ်ပြန်သွားမယ်လို့ ဆိုပါတယ်။