စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၊ ဗန်းမောက်မြို့နယ် မံစီကြီးဒေသစိတ် မံစီကြီးဘုန်းတော်ကြီးကျောင်းမှာ ရောက်ရှိနေကြတဲ့ စစ်ဘေးရှောင်တွေကို သျှမ်းနီစာပေနှင့်ရိုးရာယဥ်ကျေးမှုကော်မတီမှ ဒီနေ့ နိုဝင်ဘာ ၁၁ ရက်နေ့မှာ စားနပ်ရိက္ခာတွေ သွားရောက်ထောက်ပံ့ပေးခဲ့တယ်လို့ သိရပါတယ်။
တိုက်ပွဲကြောင့် မံစီကြီးဘုန်းတော်ကြီးကျောင်းသို့ ရောက်ရှိလာတဲ့ စစ်ဘေးရှောင်တွေကို ဆန်၊ ဆီ၊ ဆား၊ ခေါက်ဆွဲခြောက်ထုတ် စသဖြင့် သွားရောက်ကူညီထောက်ပံ့ပေးခဲ့ကြတာပါ။
စစ်ဘေးရှောင်အများစုဟာ အသက် ၄၅ နှစ်အထက် အသက် ၈၀ကျော်၊ ၁၀၀ ကျော် သက်ကြီးရွယ်အို၊ သီလရှင် နဲ့ ကလေးသူငယ်အများစုဖြစ်ပြီး အဆိုပါ စစ်ဘေးရှောင်တွေအတွက် အကူအညီအများအပြား လိုအပ်နေဆဲဖြစ်တယ်လို့ သိရပါတယ်။
ဗန်းမောက်မြို့အနောက်ခြမ်းသို့ရောက်ရှိနေတဲ့ စစ်ဘေးရှောင် အိမ်ထောင်စု ၆၈၅ အိမ် လူဦးရေ ၄၉၁၆ ဦးရှိနေပြီး ရှမ်းနီအမျိုးသားမျာတပ်မတော် (SNA)၊ သျှမ်းနီစာပေနှင့်ရိုးရာယဥ်ကျေးမှုကော်မတီ၊ ကတူးအရပ်ဖက်အဖွဲ့စည်း၊ ဆီလုပ်ငန်းရှင်တွေ နဲ့ ဒေသခံရှမ်းနီပြည်သူတို့က ကူညီထောက်ပံ့မှုတွေ ရှိနေတယ်လို့လည်း သိရပါတယ်။








