Home ကျန်းမာရေး ခိုပြင်၊ ညောင်သာယာမှ ကတူးစစ်ရှောင်တွေကို SNA က ကျန်းမာရေး စောင့်ရှောက်မှုပေး

ခိုပြင်၊ ညောင်သာယာမှ ကတူးစစ်ရှောင်တွေကို SNA က ကျန်းမာရေး စောင့်ရှောက်မှုပေး

by Homeland Author

စစ်ကိုင်းတိုင်း ဒေသကြီး အထက်ပိုင်း ဗန်းမောက်မြို့ အနောက်ခြမ်းရှိ ခိုပြင်၊ ညောင်သာယာကျေးရွာမှ ကတူးတိုင်းရင်းသား စစ်ရှောင်တွေကို ရှမ်းနီအမျိုးသားများ တပ်မတော် – SNA တပ်မဟာ ၆၁၄ က အောက်တိုဘာ ၂ ရက်နေ့မှာ ကျန်းမာရေး စောင့်ရှောက်မှု ပေးခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ- ၁၅ ရက်နေ့က ဗန်းမောက်မြို့ကို ကချင်လက်နက်ကိုင်ဖွဲ့ (KIA) ဦးဆောင်တဲ့ PDF ပူးပေါင်းတပ်ဖွဲ့တွေ နဲ့ ကတူး PDF တို့က ဝင်ရောက်တိုက်ခိုက်ခဲ့တာကြောင့် မြို့ပေါ်နေ ဒေသခံ ထောင်ချီနဲ့ အနီးအနားရှိ ကျေးရွာဒေသခံတွေဟာ ဗန်းမောက်မြို့နယ်အနောက်ဘက်သို့ တိမ်းရှောင်ခဲ့ကြရတယ်လို့ သိရပါတယ်။

အဲဒီနောက် ဗန်းမောက် အနောက်ခြမ်းရှိ ခိုပြင်၊ ညောင်သာယာကျေးရွာတွေအထိ တိုက်ပွဲတွေ ဖြစ်ပွားလာပြီး စက်တင်ဘာ ၂၉ ရက်နေ့မှာ အဆိုပါ ကျေးရွာတွေကို SNA က ပြန်လည်ထိန်းချုပ်နိုင်ခဲ့တယ်လို့ သိရပါတယ်။

ဒါကြောင့် ကျေးရွာအတွင်းရှိ ဘုန်းတော်ကြီးကျောင်းမှာ ပိတ်မိနေတဲ့ ကျေးရွာသားတွေကို SNA က ဘေးကင်းရာသို့ ခေါ်ဆောင်ခဲ့ပြီး ကျန်းမာရေး စောင့်ရှောက်မှုတွေအပြင် နေရာထိုင်ခင်း၊ စားဝတ်နေရေးတွေလည်း ကူညီပေးခဲ့တယ်လို့ သိရပါတယ်။

ကတူး တိုင်းရင်းသားတွေ နေထိုင်ရာ ခိုပြင်ကျေးရွာမှ မူလအိမ်ထောက်စု ၅၀ စုရှိပြီး တိမ်းရှောင်ခဲ့တဲ့ အိမ်ထောင်စု ၃၁ စု တိမ်းရှောင်ခဲ့တဲ့ လူဦးရေ ၁၁၃ ဦး၊ ကျား – ၄၆/ မ – ၆၇ – ကျောင်းနေအရွယ်ကလေး (၂၁) ဦး ပါဝင်တယ်လို့ သိရပါတယ်။

အလားတူ ညောင်သာယာရွာမှ မူလအိမ်ထောက်စု ၃၅ စု တိမ်းရှောင်အိမ်ထောင်စု ၁၁ စု၊ တိမ်းရှောင်လူဦးရေ ၅၅ ဦး ကျား၂၄ / မ၃၁ – ကျောင်းနေ အရွယ်ကလေး (၁၅) ဦးပါဝင်တယ်လို့ သိရပါတယ်။

စစ်ရှောင်ပညာရေးဝန်ထမ်း ၁၆၄ ဦးကိုလည်း ရှမ်းနီအမျိုးသားများတပ်မတော် (SNA) တပ်မဟာ ၆၁၄ မှ ကူညီစောင့်ရှောက်ထားတယ်လို့ သိရပါတယ်။

related posts

Leave a Comment