စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၊ ဟုမ္မလင်းမြို့နယ် ကောယားစံပြကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာချင်းဆက်လမ်းပေါ်မှာ ဒေသခံပြည်သူတွေက ကိုယ်ထူကိုယ်ထတံတားကို မတ်လ ၂ ရက်နေ့က ဖွင့်လှစ်ခဲ့တယ်လို့ သိရပါတယ်။ ရှမ်းနီအမျိုးသားတပ်မတော် (SNA)၊ တပ်မဟာ (၈၉၁) မှ မတည်ပံ့ပိုးပေးခဲ့ပြီး တံတားတည်ဆောက်ရေးအတွက် လိုအပ်သော ပျဉ်၊ တိုင် နဲ့ အခြားဆောက်လုပ်ရေးပစ္စည်းတွေကို ကောယားအုပ်စုအတွင်းရှိ …
သတင်းဓါတ်ပုံ ထိုင်းအစိုးရမှ ထိုင်းတော်ဝင်ကြည်းတပ်ရဲ့ အထူးတပ်ဖွဲ့ဝင် ၅၅ ဦးကို လူသားချင်းစာနာထောက်ထားမှုနဲ့ လာရောက်ကူညီဖို့ မြန်မာနိုင်ငံသို့ စေလွှတ်ခဲ့တယ်လို့ သိရပါတယ်။ မြန်မာနိုင်ငံမှာ ဖြစ်ပေါ်ခဲ့တဲ့ သဘာဝဘေးဒဏ်ကို လူသားချင်းစာနာမှုဖြင့် ကူညီလိုခြင်း၊ နေပြည်တော် နဲ့ မန္တလေးရှိ အန္တရာယ်ကျရောက်နေတဲ့ ထိုင်းလူမျိုးတွေကို သွားရောက်ကယ်ဆယ်ဖို့ ဖြစ်တယ်လို့ သိရပါတယ်။ အထူးတပ်ဖွဲ့မှာ စီမံခန့်ခွဲရေးအဖွဲ့၊ စစ်ဗိုလ်တွေပါဝင်တဲ့အဖွဲ့၊ ရှာဖွေရေးနဲ့ ကယ်ဆယ်ရေးအဖွဲ့၊ အရေးပေါ်ကူညီနိုင်ဖို့ …