စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၊ ဟုမ္မလင်းမြို့နယ်အတွင်းရှိ မိုဘိုင်းလွတ်မြို့မှာ ဒီနေ့ ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၂၈ ရက် ညနေပိုင်းမှာ ရှမ်းနီ(တိုင်းလျန်)သွေးစည်းညီညွတ်ရေးပါတီ (SSP) မှ ရွေးကောက်တင်မြှောက်ခြင်းခံရတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ နဲ့ ဒေသခံတိုင်းရင်းသားတို့ ဒေသဖွံ့ဖြိုးရေး နှီးနှောဖလှယ်ပွဲ အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ အဲဒီ တွေ့ဆုံဆွေးနွေးပွဲကို …
လာမယ့် ဒီဇင်ဘာလအတွင်း စစ်ကော်မရှင်က ကျင်းပမယ့် ရွေးကောက်ပွဲကို ကရင်ပြည်နယ် နယ်ခြားစောင့်တပ်(BGF)အနေနဲ့ အပြည့်အဝထောက်ခံတယ်လို့ စက်တင်ဘာ ၃ ရက်နေ့ ရက်စွဲဖြင့် ကြေညာချက်ထုတ်လာပါတယ်။ စစ်ကော်မရှင်ရဲ့ရွေးကောက်ပွဲဟာ နိုင်ငံအနာဂတ်အတွက် ဒီမိုကရေစီစနစ်ကို ဦးတည်ကာ ပြည်သူတွေရဲ့ တည်ငြိမ်အေးချမ်းလုံခြုံတဲ့ဘဝကို ဖန်တီးနိုင်ဖို့ အရေးပါတယ်လို့ နားလည်ခံယူထားတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ ဒါကြောင့် ရွေးကောက်ပွဲမှာ နိုင်ငံရေးပါတီတွေအပေါ် ခွဲခြားမှုမရှိဘဲ တရားမျှတစွာ ကူညီပြီး …