စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၊ ဟုမ္မလင်းမြို့နယ်အတွင်းရှိ မိုဘိုင်းလွတ်မြို့မှာ ဒီနေ့ ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၂၈ ရက် ညနေပိုင်းမှာ ရှမ်းနီ(တိုင်းလျန်)သွေးစည်းညီညွတ်ရေးပါတီ (SSP) မှ ရွေးကောက်တင်မြှောက်ခြင်းခံရတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ နဲ့ ဒေသခံတိုင်းရင်းသားတို့ ဒေသဖွံ့ဖြိုးရေး နှီးနှောဖလှယ်ပွဲ အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ အဲဒီ တွေ့ဆုံဆွေးနွေးပွဲကို …
သည်လထဲမှာ ဖားကန့်မြို့နယ်ထဲက မှော်နယ်မြေတွေအပါအဝင် ရွာတွေထဲမှာ KIAတပ်ဘက်က အဓမ္မတပ်သားသစ်ကောက်တာတွေ များလာနေတယ်။ ဒေသခံတွေအနေနဲ့ စစ်တပ်ဘက်က မဆင်မခြင်ပစ်လိုက်တဲ့ လက်နက်ကြီးက ဘယ်အချိန် ကိုယ်အိမ်ခေါင်မိုးပေါ် ကျလာမလဲဆိုတာ တွေးပူနေရသလို စားဝတ်နေရေးအတွက် အလုပ်ထွက်လုပ်နေကြရတဲ့ ကိုယ့်လင်၊ ကိုယ့်သားခမျာ ဘယ်အချိန် KIA က ဆွဲခေါ်သွားတာ ခံရမလဲဆိုတာကိုပါ ပူပန်နေကြရတယ်။ ဒေသသတင်းရင်းမြစ်တွေကို အခြေခံပြီး Data ကောက်ကြည့်အခါမှာတော့ ကချင်ပြည်နယ်အတွင်းမှာ …