အာရက္ခတပ်တော် (AA) သိမ်းပိုက်ထိန်းချုပ်ထားတဲ့ ပေါက်တောမြို့ (ဝီရဌာနေ) ကို စစ်တပ်က လေကြောင်းကနေ ဆက်တိုက်ဗုံးကြဲတိုက်ခိုက်နေတယ်လို့ AA က ထုတ်ပြန်ပါတယ်။ နိုဝင်ဘာ ၂၀ ရက်နဲ့ ၂၂ ရက်တို့မှာ ပေါက်တောမြို့နယ်အတွင်းရှိ သဝင်ချောင်း၊ ဓားကိုင်နဲ့ နန်းတက်ကျွန်းကျေးရွာတွေကို လေကြောင်းကနေ တစ်ရွာပြီးတစ်ရွာ ဆက်တိုက်ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။ …
တရုတ်ရဲ့ ကြားဝင်စေ့စပ် ကြိုးပမ်းဆောင်ရွက်ပေးမှုအတိုင်း တက်တက်ကြွကြွပူးပေါင်းဆောင်ရွက်မှာ ဖြစ်ပြီး ဒီဇင်ဘာ ၃ ရက်မှ စ၍ မိမိတို့တပ်များ ချက်ချင်းအပစ်အခတ် ရပ်စဲကာ စစ်ကောင်စီတပ်တွေကို အစပြုထိုးစစ်ဆင် တိုက်ခိုက်မှာ မဟုတ်ကြောင်း မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) က မနေ့က ဒီဇင်ဘာ ၃ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။ တရုတ်နိုင်ငံရဲ့ ကြားဝင်စေ့စပ်ကြိုးပမ်းဆောင်ရွက်မှုအောက်မှာ လားရှိုးအပါအဝင် သက်ဆိုင်ရာကိစ္စရပ်များကို …