စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၊ ဟုမ္မလင်းမြို့နယ်အတွင်းရှိ မိုဘိုင်းလွတ်မြို့မှာ ဒီနေ့ ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၂၈ ရက် ညနေပိုင်းမှာ ရှမ်းနီ(တိုင်းလျန်)သွေးစည်းညီညွတ်ရေးပါတီ (SSP) မှ ရွေးကောက်တင်မြှောက်ခြင်းခံရတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ နဲ့ ဒေသခံတိုင်းရင်းသားတို့ ဒေသဖွံ့ဖြိုးရေး နှီးနှောဖလှယ်ပွဲ အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ အဲဒီ တွေ့ဆုံဆွေးနွေးပွဲကို …
စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း ဟုမ္မလင်းမြို့နယ်၊ ယက်ဖအုပ်စု မန်လီကျေးရွာမှာ ရှမ်းနီအမျိုးသားများတပ်မတော် ( SNA) တပ်မဟာ (၈၉၁) မှဦးဆောင်၍ ခရစ္စမတ်ပွဲတော်ကို ကျင်းပပြုလုပ်ပေးခဲ့တယ်လို့ သိရပါတယ်။ ခရစ္စမတ်ပွဲတော်ဟာ ခရစ်ယာန်ဘာသာဝင်တွေက ယေရှုခရစ်တော် ဖွားမြင်တဲ့နေ့ကို အထိမ်းအမှတ်ပြုတဲ့ နေ့ထူးနေ့မြတ်ဖြစ်ပြီး နှစ်စဉ် ဒီဇင်ဘာ ၂၅ ရက်နေ့မှာ ကျင်းပပြုလုပ်ကြတာပဲဖြစ်ပါတယ်။ ဟုမ္မလင်းမြို့နယ်မှာ ရှမ်းနီတိုင်းရင်းသားတွေဟာ လူများစုဖြစ်ပေမယ့် လူနည်းစု ခရစ်ယာန်ဘာသာဝင် …