Home လမ်းပန်းဆက်သွယ်ရေး MNA လေကြောင်းလိုင်း တိုက်ခိုက်ခံရမှု ထိရောက်စွာ တုံ့ပြန်မယ်လို့ စစ်တပ်ပြော

MNA လေကြောင်းလိုင်း တိုက်ခိုက်ခံရမှု ထိရောက်စွာ တုံ့ပြန်မယ်လို့ စစ်တပ်ပြော

by Homeland Author

မြစ်ကြီးနားလေဆိပ်မှ မန္တလေးမြို့သို့ ပြန်လည်ထွက်ခွာမယ့် မြန်မာအမျိုးသားလေကြောင်းလိုင်း (MNA) မှ ATR-72-600 အမျိုးအစား ခရီးသည်တင်လေယာဉ်တစ်စင်း တိုက်ခိုက်ခံရမှုအတွက် ထိရောက်တဲ့ တုံ့ပြန်မှုတွေ လုပ်ဆောင်သွားမယ်လို့ စစ်ကော်မရှင်က ထုတ်ပြန်ပါတယ်။

အဆိုပါ တိုက်ခိုက်မှုတွေဟာ ကချင်လက်နက်ကိုင်အဖွဲ့ (KIA) နဲ့ PDF အဖွဲ့တွေက ဖေဖော်ဝါရီ ၂၀ ရက် ည ၈ နာရီ ၁၂ မိနစ်ခန့်မှာ FPV suicide drone တွေနဲ့ ပစ်ခတ်တိုက်ခိုက်တာလို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

FPV Suicide Drone တွေ ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် လေယာဉ်ရဲ့ ခေါင်းပိုင်း၊ ကိုယ်ထည်အလယ်ပိုင်း နဲ့ နောက်မြီးပိုင်းတို့မှာ ဗုံးစထိမှန်၍ အနည်းငယ်ပျက်စီးခဲ့တယ်လို့ ပြောပါတယ်။
အဲဒီဖြစ်စဉ်အတွင်း ခရီးသွားပြည်သူတွေ နဲ့ လေယာဉ်အမှုထမ်းတွေ ထိခိုက်၊ သေဆုံး၊ ဒဏ်ရာရရှိမှုမရှိကြောင်း ပြောပါတယ်။

အခုလို စစ်ရေးနဲ့မသက်ဆိုင်တဲ့ အများပြည်သူသွားလာရေးနဲ့ ကုန်စည်စီးဆင်းမှု မြန်ဆန်စေရေးအတွက် များစွာအထောက်အကူပြုတဲ့ အရပ်ဘက်လေကြောင်းလိုင်းကို ရည်ရွယ်ချက်ရှိစွာ တိုက်ခိုက်တာဟာ ဂျီနီဗာကွန်ဗန်းရှင်းနဲ့ အပြည်ပြည်ဆိုင်ရာ ဥပဒေတို့အရ စစ်ရာဇဝတ်မှု (War Crime) ကို ကျူးလွန်ခြင်းဖြစ်တယ်လို့ စစ်ကော်မရှင်ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

အဲဒီတိုက်ခိုက်မှုနဲ့ပတ်သက်လို့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက လိုအပ်တဲ့ နယ်မြေလုံခြုံရေးလုပ်ငန်းတွေကို ဆက်လက်ဆောင်ရွက်လျက်ရှိပြီး ထိရောက်ပြင်းထန်တဲ့ တုံ့ပြန်မှုတွေကို ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။

MNA လေကြောင်းလိုင်း တိုက်ခိုက်ခံရမှုနဲ့ပတ်သက်လို့ KIAဖက်က တစုံတရာ ထုတ်ပြန်ပြောဆိုတာမျိုး မတွေ့ရသေးပေ။

KIA နဲ့ PDF အဖွဲ့တွေဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၂ ရက်နေ့ကလည်း ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ လေဆိပ်ကို FPV Suicide Drone တွေအသုံးပြု၍ တိုက်ခိုက်ခြင်းများ ဆောင်ရွက်ခဲ့တယ်လို့ဆိုပါတယ်။

related posts

Leave a Comment