စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၊ ဟုမ္မလင်းမြို့နယ် ကောယားစံပြကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာချင်းဆက်လမ်းပေါ်မှာ ဒေသခံပြည်သူတွေက ကိုယ်ထူကိုယ်ထတံတားကို မတ်လ ၂ ရက်နေ့က ဖွင့်လှစ်ခဲ့တယ်လို့ သိရပါတယ်။ ရှမ်းနီအမျိုးသားတပ်မတော် (SNA)၊ တပ်မဟာ (၈၉၁) မှ မတည်ပံ့ပိုးပေးခဲ့ပြီး တံတားတည်ဆောက်ရေးအတွက် လိုအပ်သော ပျဉ်၊ တိုင် နဲ့ အခြားဆောက်လုပ်ရေးပစ္စည်းတွေကို ကောယားအုပ်စုအတွင်းရှိ …
TNLA နဲ့ KIA တို့ နယ်မြေအငြင်းပွားမှု ဖြေရှင်းနိုင်ရေး ကူညီဖို့ အသင့်ရှိဟု NUG ပြော
တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) နဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) တို့အကြား နယ်မြေအငြင်းပွားမှုကို ဖြေရှင်းနိုင်ရေး ကူညီဖို့ အသင့်ရှိတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ဒီကနေ့ မတ်လ ၁၄ ရက်မှာ သဘောထား ထုတ်ပြန်ခဲ့ပါတယ်။ တိုင်းရင်းသားလူမျိုးစုများအားလုံးဟာ တမြေတည်းနေ တရေတည်းသောက်လျက် အတူယှဉ်တွဲနေထိုင်ခဲ့သူတွေ ဖြစ်ရုံမက၊ တော်လှန်ရေးအဆက်ဆက် လူမျိုးစု တခုနဲ့တခု ကူညီရိုင်းပင်းလျက် အမျိုးသားတန်းတူရေး၊ …