စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၊ ဟုမ္မလင်းမြို့နယ် ကောယားစံပြကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာချင်းဆက်လမ်းပေါ်မှာ ဒေသခံပြည်သူတွေက ကိုယ်ထူကိုယ်ထတံတားကို မတ်လ ၂ ရက်နေ့က ဖွင့်လှစ်ခဲ့တယ်လို့ သိရပါတယ်။ ရှမ်းနီအမျိုးသားတပ်မတော် (SNA)၊ တပ်မဟာ (၈၉၁) မှ မတည်ပံ့ပိုးပေးခဲ့ပြီး တံတားတည်ဆောက်ရေးအတွက် လိုအပ်သော ပျဉ်၊ တိုင် နဲ့ အခြားဆောက်လုပ်ရေးပစ္စည်းတွေကို ကောယားအုပ်စုအတွင်းရှိ …
တအာင်းတပ် (TNLA) သိမ်းပိုက်ထားတဲ့ မြို့နယ်တွေကနေ ၎င်းတို့ တပ်ဖွဲ့ဝင်တွေကို စစ်ကောင်စီက ဆုတ်ခိုင်းတာကြောင့် အပစ်အခတ်ရပ်စဲရေး ဆွေးနွေးမှု ရှေ့ဆက်မရဘဲ ပြီးဆုံးခဲ့တယ်လို့ TNLA က ထုတ်ပြန်ပါတယ်။ တရုတ်နိုင်ငံရဲ့ ကြားဝင်စေ့စပ်မှုအရ ပြီးခဲ့တဲ့ ဧပြီ ၂၈၊ ၂၉ ရက်တွေမှာ ကူမင်းမြို့မှာ စစ်ကောင်စီ ကိုယ်စားလှယ်အဖွဲ့နဲ့ TNLA ကိုယ်စားလှယ်အဖွဲ့တို့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ အဲဒီ ဆွေးနွေးပွဲမှာ …