လာမယ့် ၂၀၂၆ ခုနှစ်၊ မတ်လ ၁၃ ရက်နေ့မှာ ကျရောက်မယ့် (၄၉၉) နှစ်မြောက် ရှမ်းနီအမျိုးသားနေ့ အခမ်းအနားကို စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၊ ဟုမ္မလင်းမြို့နယ် နမ့်တောမြို့၊ သက္ကယ်တောင်ကျေးရွာမှာ ရှမ်းနီအမျိုးသားနေ့ဖြစ်မြောက်ရေးကော်မတီ၊ ရှမ်းနီအမျိုးသားများပြည်နယ်မှ ဦးဆောင် ကျင်းပသွားမယ်လို့ သိရပါတယ်။ မတ်လ ၁၃ ရက် မနက် …
ရှမ်းနီဒေသနဲ့ နာဂဒေသကို ဆက်သွယ်တဲ့ ချင်းတွင်းတံတားတည်ဆောက်မှု ၉၀ ရာခိုင်နှုန်း ပြီးစီး
စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ရှမ်းနီဒေသ ဟုမ္မလင်းမြို့နယ်နဲ့ နာဂဒေသတို့ကို ဆက်သွယ်သွားလာနိုင်မယ့် ချင်းတွင်းမြစ်ကူးတံတား ဆောက်လုပ်မှု ၉၀ ရာခိုင်နှုန်း ပြီးစီးပြီလို့ သိရပါတယ်။ ချင်းတွင်းမြစ်ကူး တံတား(ထမံသီ)ကို ရှမ်းနီဒေသ ဟုမ္မလင်းမြို့နယ် နဲ့ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်းရှိ လေရှီးမြို့ – ပန်ဆပ် – ဆွမ္မရာမြို့လမ်းပေါ်မှာ ချင်းတွင်းမြစ်ကို ဖြတ်ပြီး တည်ဆောက်နေတာ ဖြစ်ပါတယ်။ အဆိုပါ တံတားဟာ သံကူကွန်ကရစ် တံတားအမျိုးအစားဖြစ်ပြီး …