မန္တလေးတိုင်း တကောင်းမြို့အနီးရှိ မင်းကုန်းရွာကို မတ်လ ၂ ရက်နေ့က စစ်တပ်မှ ပြန်လည်တိုက်ခိုက် သိမ်းပိုက်လိုက်တယ်လို့ စစ်တပ်ထောက်ခံအားပေးတဲ့ တယ်လီဂရမ်ချန်နယ်တွေမှာ ဓာတ်ပုံတွေနဲ့တကွ ဖော်ပြလာပါတယ်။ တွင်းငယ် – တကောင်းကြား မင်းကုန်းရွာ အခြေပြုနေထိုင်နေတဲ့ PDF စခန်းကို စစ်တပ်စစ်ကြောင်းတွေက ချေမှုန်းသိမ်းပိုက်လိုက်ကြောင်း၊ အဲဒီ တိုက်ခိုက်သိမ်းပိုက်မှုအတွင်း အလောင်း …
အာဆီယံအနေနဲ့ စစ်ရာဇဝတ်မှုတွေ ကျူးလွန်နေတဲ့ စစ်တပ်ကို ထိရောက်စွာ အရေးယူကိုင်တွယ်မှု မရှိတဲ့အတွက် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အနေဖြင့် များစွာစိတ်ပျက်ရတယ်လို့ ဆိုပါတယ်။ ၂၀၂၅ ခုနှစ် ဇူလိုင်လ (၉) ရက်နေ့က မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့မှာ “အားလုံး ပါဝင်ရေးနှင့် ရေရှည်တည်တံ့ခိုင်မြဲရေး” ခေါင်းစဉ်နဲ့ ကျင်းပပြုလုပ်ခဲ့တဲ့ (၅၈) ကြိမ်မြောက် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးမှ ထုတ်ပြန်ခဲ့တဲ့ ပူးတွဲကြေညာချက်နဲ့ပတ်သက်၍ NUG …