စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၊ ဟုမ္မလင်းမြို့နယ်အတွင်းရှိ မိုဘိုင်းလွတ်မြို့မှာ ဒီနေ့ ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီ ၂၈ ရက် ညနေပိုင်းမှာ ရှမ်းနီ(တိုင်းလျန်)သွေးစည်းညီညွတ်ရေးပါတီ (SSP) မှ ရွေးကောက်တင်မြှောက်ခြင်းခံရတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေ နဲ့ ဒေသခံတိုင်းရင်းသားတို့ ဒေသဖွံ့ဖြိုးရေး နှီးနှောဖလှယ်ပွဲ အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ အဲဒီ တွေ့ဆုံဆွေးနွေးပွဲကို …
ရှမ်းနဲ့ တအာင်းတို့ရဲ့ သံသယတွေကို ဘေးဖယ်၍ ငြိမ်းချမ်းတဲ့ ပတ်ဝန်းကျင်ဖြစ်ရေး ပူးပေါင်းဖို့ TNLA သဝဏ်လွှာပို့
ရှမ်းတိုင်းရင်းသားတွေ နဲ့ တအာင်းတိုင်းရင်းသား ညီအစ်ကိုမောင်နှမအချင်းချင်း ညီအစ်ကိုရင်းပမာ ချစ်ကြည်ရင်းနှီးစွာဖြင့် အတူတကွ ယှဉ်တွဲနေထိုင်လျက် အရင်က ရှိခဲ့ကြတဲ့ သဘောထား ကွဲလွဲမှုတွေ၊ သံသယတွေကို ဘေးဖယ်ပြီး ငြိမ်းချမ်းသာယာဖွံ့ဖြိုးတိုးတက်တဲ့ လူမှုပတ်ဝန်းကျင်ဖြစ်စေရေးတို့ကို ဟန်ချက်ညီညီ ပူးပေါင်းဆောင်ရွက်သွားကြစို့ဟု ဆန္ဒမှန်မှန်ဖြင့် သဝဏ်လွှာပေးပို့ကြောင်း ပလောင်ပြည်လွတ်မြောက်ရေးတပ်ဦး (PSLF/TNLA) က ပေးပို့ပါတယ်။ နတ်တော်လဆန်း ၁ ရက်နေ့မှာ ကျရောက်တဲ့ ရှမ်းအမျိုးသားထုကြီးတစ်ရပ်လုံးရဲ့ ၂၁၂၀ …