နောက်ဆုံး သတင်း

  • စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အပါအဝင် စစ်ဗိုလ်ချုပ်ကြီးတွေ နဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) အဖွဲ့ဝင်တွေကို အကြမ်းဖက်သမားတွေအဖြစ် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က နိုဝင်ဘာ ၂၅ ရက်စွဲနဲ့ ကြေညာပါတယ်။ NUG ရဲ့ အကြမ်းဖက်တိုက်ဖျက်ရေးဗဟိုအဖွဲ့ဟာ အကြမ်းဖက် တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၆၊ ပုဒ်မခွဲ(င) နဲ့ ပုဒ်မ ၇၂ ပုဒ်မခွဲ(ခ)ပါ လုပ်ပိုင်ခွင့်ကို ကျင့်သုံး၍ …

    0 FacebookTwitterPinterestEmail
  • စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း ဗန်းမောက်မြို့နယ်အတွင်းရှိ စစ်ဘေးရှောင်တွေကို ကတူးရဟန်းတော်များအဖွဲ့မှ နိုဝင်ဘာ ၂၄ ရက်နေ့က စောင်တွေ သွားရောက်လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။ ကတူးရဟန်းတော်များအဖွဲ့က “နိုဝင်ဘာ ၂၄ ရက်နေ့မှာ ဒယူးအင်ကြင်းကုန်းစစ်ရှောင်စခန်းတွေထံ အအေးဒဏ်ဖယ်ရှား စောင်အထည်တွေ ဆက်လက်လှူဒါန်းခဲ့ပါတယ်။ အိမ်ထောင်စုနည်းရင် တစ်ထည် အိမ်ထောင်စုများရင် နှစ်ထည်ပေးဝေပါတယ်။ သက်ကြီးရွယ်အို အဖိုးအဖွားခြောက်ယောက်ကို စောင်တစ်ထည်စီ ဝေပါတယ်” လို့ ထုတ်ပြန်ပြောဆိုထားပါတယ်။ ပြီးခဲ့တဲ့ …

    0 FacebookTwitterPinterestEmail
  • စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၊ ဟုမ္မလင်းမြို့နယ် ထိန်ကုန်းကျေးရွာမှာ ရှမ်းနှစ် ၂၁၂၀ ပြည့်နှစ် တိုင်းလျမ်(သျှမ်းနီ)ကောက်ဦးဆွမ်းကပ်လှူပူဇော်ပွဲ နဲ့ နှစ်သစ်ကူးအထိမ်းအမှတ်ပွဲတော်ကို လာမယ့် ဒီဇင်ဘာ ၁၆ ရက်နေ့ကနေ ၁၈ ရက်နေ့အထိ ၃ ရက်တာ ကျင်းပသွားမယ်လို့ သိရပါတယ်။ အဲဒီပွဲတော်ကို “ဥရုချောင်းကြီးဒေသလုံးဆိုင်ရာ” (၁၉) အုပ်စုအတွင်းရှိ ၁။ ထိန်ကုန်းကျေးရွာအုပ်စု၂။ မိုင်းကိုင်းကျေးရွာအုပ်စု ၃။ ရေပေါ်မီးကျေးရွာအုပ်စု ၄။ …

    0 FacebookTwitterPinterestEmail
  • စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၊ ဟုမ္မလင်းမြို့နယ် ရွှေတွင်းကျေးရွာအုပ်စု ရာလားတီး နဲ့ ပါဟုတ်ကြီးကျေးရွာအတွင်း ကချင်လက်နက်ကိုင်အဖွဲ့ (KIA) နဲ့ ရွှေလုပ်ငန်းရှင်အချို့ ပူးပေါင်းပြီး ရွှေတူးဖော်နေကြောင်း ဒေသခံတွေက ပြောပါတယ်။ KIA နဲ့ ရွှေလုပ်ငန်းရှင်အချို့ဟာ ကျေးရွာထဲ အဓမ္မတူးဖော်ခြင်းဖြစ်ကြောင်း၊ ကျေးရွာသားတွေအနေနဲ့ လုံးဝလက်မခံပေမယ့် လက်နက်ပြခြိမ်းခြောက်တူးဖော်တာကြောင့် ဘာမှမတတ်နိုင်ဘူးလို့ ဒေသခံတစ်ဦးက ပြောပါတယ်။ “ရွာလမ်းတွေ အိမ်လမ်းတွေ ဖြတ်ပြီး မျောမောင်းနေကြတာ …

    0 FacebookTwitterPinterestEmail
  • စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နယ်၊ နမ့်တောမြို့မှာ ဒီနေ့ နိုဝင်ဘာ ၂၄ ရက် မနက်ပိုင်းမှာ ရှမ်းနှစ်သစ်အထိမ်းအမှတ် ရှမ်းနီရိုးရာ ကောက်သစ်စားပွဲကို ကျင်းပပြုလုပ်ခဲ့ကြတယ်လို့ သိရပါတယ်။ ရှမ်းနီတိုင်းရင်းသားတွေဟာ နှစ်သစ်ကူး ကောက်ဦးပေါ်ချိန်မှာ ရှမ်းနီတို့ရဲ့ ရိုးရာဓလေ့အတိုင်း စုပေါင်း၍ ရှမ်းခေါပုတ် (ၶဝ်ႈတမ်းငႃး) ဖြင့် ကောက်သစ်စားကြခြင်း ဖြစ်ပါတယ်။ အဆိုပါပွဲတော်မှာ နှစ်သစ်ကောက်ဦးဆွမ်းကပ်လှူဒါန်းခြင်း၊ သက်ကြီးရွယ်အိုတွေကို ကောက်သစ်များဖြင့် ကန်တော့ခြင်း နဲ့ …

    0 FacebookTwitterPinterestEmail
  • စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း ဟုမ္မလင်းမြို့မှာ ဖွင့်လှစ်ထားတဲ့ ချင်းတွင်းဥရုရှမ်းနီလူငယ် (ပါရမီ) စာကြည့်တိုက်အတွက် စစ်ကိုင်းတိုင်း ဝန်ကြီးချုပ် ဦးမြတ်ကျော်မှ ငွေကျပ် သိန်း ၂၀၀ လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။ ချင်းတွင်းဥရုရှမ်းနီ လူငယ်ကွန်ရက်အကြီးအကဲ ဦးစိုင်းနိုင်နိုင်ကျော်က ဦးစီး၍ ရှမ်းနှစ် (၂၁၂၀) နှစ် ရှမ်းနှစ်သစ်ကူးအထိမ်းအမှတ်အနေဖြင့် အဆိုပါ ချင်းတွင်းဥရုရှမ်းနီလူငယ်(ပါရမီ) စာကြည့်တိုက်ဖွင့်ပွဲကို နိုဝင်ဘာ ၂၀ ရက်နေ့မှာ ဖွင့်လှစ်ခဲ့တာပါ။ …

    0 FacebookTwitterPinterestEmail